ရှေ့သို့
Image

ဘရန့်ဖို့ဒ်တိုက်စစ်ကစားသမား တိုနေးအတွက် ခြေဦးလှည့်လာဖွယ်ရှိနေတဲ့ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်

12:52 PM, 27 August

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသနိုင်ရေးအတွက် ပြင်ဆင်နေကြတဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်အသင်တို့အနေဖြင့် လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် အလောင်းကစားမှု ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘရန့်ဖို့ဒ်စတား အိုင်ဗန်တိုနေးကို ခေါ်ယူရေး အပြိုင်စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ အိုင်ဗန်တိုနေးအနေဖြင့် ကလပ်အသင်းပြောင်းရွှေ့ရန် စိတ်အားသန်နေသလို ၈လပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပေမဲ့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းအချို့က စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။

အိုင်ဗန်တိုနေးအနေဖြင့် အေဂျင့် အပြောင်းအလဲပြုလုပ်ထားခဲ့တာကြောင့် လကပ်အသင်းရှာဖွေရန် ပြင်ဆင်နေဟန်ရှိပြီး ထပ်မံငှားရမ်းလိုက်တဲ့ အေဂျင့်အဖွဲ့ဖြစ်တဲ့ စီအေအေ က မန်စီးတီးအသင်းကို ဂရီးလစ်ချ်အား ပို့ဆောင်ပေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပေမဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ်တဲ့ တိုနေးကို ရောင်းချလိုခြင်းမရှိဘဲ ရောင်းချရပါကလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ် တောင်းဆိုလာနိုင်တာ ဖြစ်ပါတယ်။

တိုနေးရဲ့ ပြစ်ဒဏ်ချမှတ်ခံရမှုက ၂၀၂၄ခုနှစ် အစောပိုင်းတွင် သက်တမ်းပြည့်မြောက်ကာ မြက်ခင်းပြင်အထက် ပြန်လည်အခြေချခွင့်ရလာမှာ ဖြစ်ပြီး ဘရန်ဖို့ဒ်အသင်းအနေဖြင့် ရောင်းချရပါကလည်း ပေါင် သန်း ၈၀ခန့်အထိ တောင်းဆိုနိုင်တဲ့ အကြောင်း သတင်းထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရန့်ဖို့ဒ် #ပရီးမီးယားလိဂ် #တိုနေး