ရှေ့သို့
Image

ဖူလ်ဟမ်နှင့် သရေကျပြီးနောက် အာဆင်နယ်ကစားသမား ဟားဗက်ဇ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဒါရင်းဘန့်

12:20 PM, 27 August

ဖူလ်ဟမ်နှင့် အာဆင်နယ် ၂-၂ ဖြင့်သရေကျသည့် ပွဲစဉ်ပြီးနောက် ဒါရင်းဘန့်သည် အာဆင်နယ်တိုက်စစ်မှူးဖြစ်သူ ဟားဗက်ဇ်၏ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။


ဟားဗက်ဇ်သည် ကွင်းလယ်တွင် ပါဝင်ကစားခဲ့သော်လည်း အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ဒုတိယပိုင်းတွင်လူစားလဲခြင်းခံခဲ့ရပါတယ်။


ဟားဗက်ဇ် ဟာ ပြီးခဲ့သည့်နွေရာသီတွင် ငွေကြေးအမြောက်အမြားဖြင့် အာဆင်နယ်သို့ ရောက်ရှိလာခဲ့သော်လည်း ယခုအခါ အသင်းပွဲထွက်ခွင့် နေရာအတွက် အံဝင်ခွင်ကျဖြစ်နိုင်မလားဆိုသည့် မေးခွန်းများထွက်ပေါ်နေပါတယ်။


အခြေအနေအရ အာတီတာသည် ယခင်က ဇာခါ ကစားသည့် နေရာတွင် ၎င်းကို အသုံးပြုရန်ရည်ရွယ်ချက်ရှိပုံရပါတယ်။


သို့သော်လည်း ဖူလ်ဟမ်နှင့်ပွဲတွင် အာဆင်နယ်ကို ကြည့်ရှုပြီးနောက် ဒါရင်းဘန့်က "ဟားဗက်ဇ်က ယခုအချိန်တွင် အာဆင်နယ်အတွက် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို မပြသနိုင်ပါဘူး။ အာဆင်နယ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဟားဗက်ဇ်အနေနဲ့ အာဆင်နယ်မှာ ပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်းပြသဖို့ဆို ဒီထက် ပိုကောင်းအောင် အရှိန်ကိုမြှင့်ပြီး ကြိုးစားသင့်ပါတယ်။


အာဆင်နယ်က ဖူလ်ဟမ်လိုအသင်းကို အိမ်ကွင်းမှာ အမှတ်ခွဲယူတာမျိုးက မဖြစ်သင့်ပါဘူး။ ပညာရှင်တော်တော်များများက ဒီအခြေအနေတွေကိုမြင်ဖူးပေမယ့် ဟားဗက်ဇ်အတွက် ငွေအများကြီးသုံးစွဲခဲ့တာက အာဆင်နယ်ရဲ့ အံ့ဩစရာ ဆုံးဖြတ်ချက်တစ်ခုပါပဲ။


သူဟာ ချဲလ်ဆီးမှာ လည်းခြေစွမ်းပြဖို့ ခဲယဉ်းနေပြီး အာဆင်နယ်ကို ရောက်လာတော့လည်း ပိုကောင်းအောင်လုပ်ဖို့လည်း စိတ်မ၀င်စားပါဘူး။ အဲ့ဒီနေရာမှာဆို တစ်ခြားကစားသမားကောင်းတွေလည်းရှိနေပါတယ်။ အခုအချိန်မှာ အာဆင်နယ်အနေနဲ့ လုပ်ဖို့လိုတာတွေကို လုပ်ရပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ ကြိုးစားနေတဲ့ ကစားသမားတွေရဲ့ ပွဲထွက်ခွင့်အချိန်တွေကို ဟားဗက်ဇ်က ဟန့်တားနေပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ဟားဗက်ဇ် #ဒါရင်းဘန့်တ် #ပရီးမီးယားလိဂ်