ရှေ့သို့
Image

ဖူလ်ဟမ်နှင့်ပွဲပြီးနောက် အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်ကို ပြစ်တင်ရှုံ့ချခဲ့တဲ့ မာတင်ကီယွန်

11:11 AM, 27 August

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ရာသီအစမှ နိုင်ပွဲ ၁၀၀ ရာခိုင်နှုန်းရရှိဖို့ ကြိုးစားခဲ့ပေမယ့် ဆာကာရဲ့ လူပေးမှားမှုမှတစ်ဆင့် ဖူလ်ဟမ်ကစားသမား ပီရီယာ ကို အခွင့်အရေးပေးခဲ့မိပြီး ဖူလ်ဟမ်ကို ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။


ပီရီယာရရှိခဲ့တဲ့ ဦးဆောင်ဂိုးမှာ ရမ်ဒေးလ်က သိသိသာသာ ဂိုးနှင့်ဝေးကွာနေပြီး ကာကွယ်ရန်ကြိုးစားခဲ့သော်လည်း ဟန်ချက်မညီဖြစ်ကာ ၎င်း၏ဘယ်ဖက်ဒေါင့်သို့ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။


ရမ်ဒေးလ်ရဲ့ နေရာယူပုံအမှားတွေကြောင့် ဂိုးပေးရတာ ခုပွဲမှ မဟုတ်ပါဘူး ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်ပွဲစဉ်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ ဂွန်ကာလက်ဗ် သည်လည်း  ရမ်ဒေး၏အနေအထားကို အခွင့်ကောင်းယူကာ ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။


အာတီတာရဲ့ အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာ မလိုလားအပ်တဲ့ အမှားတွေကို မာတင်ကီယွန်က ခုလိုပဲဝေဖန်ထောက်ပြခဲ့ပါတယ်။


၎င်းက " အာဆင်နယ်အနေနဲ့ အမှတ်ပေးဖလားပြိုင်ပွဲမှာ သူတို့ရဲ့ဦးဆောင်နိုင်မှုကိုအခွင့်ကောင်းမယူခဲ့တဲ့ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ရာသီအကုန်မှာသူတို့ အခွင့်အရေးတွေနဲ့လွဲချော်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။


ရမ်ဒေးလ်က အဲ့ဒီလိုမျိုး မကြာခဏလုပ်တတ်တယ်။ ဘာကြောင့်လဲတော့ မသိဘူး၊ ဖူလ်ဟမ်ကစားသမား ပီရီယာကတော့ အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။"လို့ ပြောခဲ့ပါတယ်။


ခုလိုမဖြစ်ခင် ပြီးခဲ့သည့်အပတ်က ကနဦး ၁၂ လအငှားဖြင့် အာဆင်နယ်သို့ရောက်ရှိခဲ့သည့် ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာ ကိုခေါ်ယူမယ့် အာတီတာ၏ ဆုံးဖြတ်ချက်ကြောင့် ရမ်ဒေးလ်အပေါ် မီးမောင်းထိုးပြမှုနှင့် ဖိအားများ မြင့်တက်လာခဲ့ပါတယ်။


အာတီတာ က ရာယာကို ခေါ်ယူခြင်းသည် အာဆင်နယ်အတွက် လိုအပ်ကြောင်း အခိုင်အမာဆိုခဲ့သော်လည်း ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဂယ်ရီနဗီးလ် က ပြိုင်ဘက် ဂိုးသမားနှစ်ဦးကြား ယခုရာသီတွင် အာဆင်နယ် ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်နေတာဖြစ်ပါတယ်။


"နံပါတ် ၁ နေရာနဲ့ နံပါတ် ၂ နေရာကို ရှင်းရှင်းလင်းလင်းအသိပေးထားဖို့လိုမယ်ထင်တယ်။ အဲတာနဲ့ပက်သက်ပြီး ယူနိုက်တက်မှာ ကျွန်တော်ကစားခဲ့တုန်းက အတွေ့အကြုံတွေရှိခဲ့ဖူးပြီး လက်စွမ်းမတိမ်းမယိမ်းဖြစ်တဲ့ ဂိုးသမားနှစ်ယောက်ရှိခဲ့ဖူးတယ်။


ပြဿနာက ဂိုးသမားတစ်ယောက် ဟာ မလွဲမသွေအမှားလုပ်မိတဲ့ အခြေအနေတစ်ခုရှိတယ်၊ အဲ့ဒီလိုဆိုတိုင်း နောက်တစ်ပတ်မှာ နောက်တစ်ယောက်ကို အခွင့်အရေးပေးမှာလား? "လို့ ဂယ်ရီနဗီးလ်က မေးမြန်းခဲ့ပါတယ်။

#အာဆင်နယ် #ရမ်စ်ဒေးလ် #မာတင်ကီယွန် #ပရီးမီးယားလိဂ်