ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်ကို အငှားနဲ့ပြောင်းတော့မယ့် ဒင်းဟန်ဒါဆန်

11:01 AM, 27 August

အင်္ဂလန်သားဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ နံပါတ် ၂ နေရာမှာ ရှိနေပေမယ့် အိုနာနာ ရောက်ရှိလာပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။


အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ စနေနေ့ ယူနိုက်တက်နှင့် နော်တင်ဟမ်ဖောရက်စ်တို့ကစားခဲ့တဲ့ပွဲမှာ အရန်ခုံတွင် ရှိနေခဲ့သော်လည်း နောက်ပိုင်းတွင် လန်ဒန်သို့ ထွက်ခွာမည်ဟု Telegraph က ဖော်ပြခဲ့ပါတယ်။


အသင်းမှာ ထွက်ခွာဖို့တွန်းအားပေးလုပ်ဆောင်နေတဲ့ ဂူယီတာကြောင့် ဂိုးသမားသစ်တစ်ဦးကို ရှာဖွေနေသောကြောင့် ပဲလေ့စ်ဟာ သူ့ရဲ့နေရာတွင် ဟန်ဒါဆန်နှင့် အစားထိုးဖို့ရှိနေတာဖြစ်ပါတယ်။


ရွိုင်းဟော့ဆန်တွင် အင်္ဂလန်ဂိုးသမားတစ်ဦးရှီနေပြီးဖြစ်သော်လည်း ဂိုးသမားနေရာအတွက် ဟန်ဒါဆင်ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။


အပြီသတ်အပြောင်းအရွှေ့အတွက် အချိန်အတော်ကြာအောင် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီမှု မရသေးသော်လည်း ဟန်ဒါဆန်ဟာ အပြောင်းအရွှေ့မတိုင်မီ ဆေးစစ်ခွင့်ရရှိမှာဖြစ်ပါတယ်။


ပဲလေ့စ်ဟာ စက်တင်ဘာ ၁ ရက် သောကြာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီတွင် သဘောတူညီမှု ရရှိမည်ဟု ယုံကြည်နေပါတယ်။


ဟန်ဒါဆန်ဟာ ပြီးခဲ့သည့်ရာသီက စီးတီးဂရောင်းတွင် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပြီးနောက် ဖောရက်စ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။


ထို့နောက်တွင် ပဲလေ့စ်ဟာ စိတ်ဝင်စားမှုကိုပြခဲ့ပြီး အိုးထရက်ဖို့ဒ်မှ ထွက်ခွာရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။


ဒီအတောအတွင်းမှာပဲ ယူနိုက်တက်ဟာ ဖီနာဘာချီ ဂိုးသမား အယ်လ်တေးဘိုင်ဒရာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ကစားသမားက ကြာသပတေးနေ့မှာ ပရိသတ်တွေများနှင့် မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ဆေးစစ်မှုရလဒ်များထုတ်ဖော်ရန် ဆိုင်းငံ့ထားတဲ့ ဘိုင်ဒရာကို ပေါင် ၄.၂၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။


ကစားသမားရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အာမခံချက်ပေးမည်ဆိုပါက ဂိုးသမားရဲ့ စာချုပ်ဖျက်သိမ်းခကို ပေးချေဖို့ ယူနိုက်တက်က ဆန္ဒရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #ဒင်းဟန်ဒါဆန် #ပရီးမီးယားလိဂ်