ရှေ့သို့
Image

အက်စ်တွန်ဗီလာကနေ ထွက်ခွာဖို့ သဘောတူလိုက်တဲ့ ကော်တင်ဟို

10:46 AM, 27 August

အရှေ့လယ်ပိုင်းသို့ ပြောင်းရွှေ့ဖို့အတွက် ကော်တင်ဟိုဟာ ဗီလာကနေထွက်ခွာဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ သို့သော်လည်း ဒီအပြောင်းအရွှေ့က ဗီလာဘက်မှာတော့ မရှင်းလင်းသေးပါဘူး။


အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီးကစားသမားဟာ အမ်မရီ လက်အောက်ရှိ ဗီလာတွင် ပိုလျှံနေတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။


သူဟာ ကာတာကလပ် အယ်လ်ဒူဟေးလ်သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။


ဒါပေမယ့် ဖာဘရီဇီယို ရိုမာနိုကတော့ ဗီလာ အသင်းဟာ အပြောင်းအရွှေ့ ကြေးအတွက် စောင့်ဆိုင်းနေတာကြောင့် သဘောတူညီမှု မရရှိသေးဘူးလို့ ဆိုပါတယ်။


ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သိထားသော်လည်း အယ်လ်ဒူဟေးလ်ဟာ ကော်တင်ဟိုကို ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။


ကော်တင်ဟိုသည် ဗီလာပါ့ခ်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ စာချုပ်ဖြင့် ၃ နှစ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပါတယ်။


ဒါပေမယ့် သူဟာ ကလပ်ရဲ့ ရာသီအဖွင့် ပရီးမီးယားလိဂ် ၂ပွဲတွင် အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။


အဲဗာတန်အား ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး တစ်လအထိ အနားယူရမှာဖြစ်တာကြောင့် ဗီလာအတွက် သူ့ရဲ့နောက်ဆုံးပွဲအား ကစားခဲ့တယ်လို့ ဆိုလိုနိုင်ပါတယ်။


အဆိုပါကြယ်ပွင့်ကစားသမားဟာ ၂၀၂၂ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ အငှားဖြင့်ရောက်ရှိလာခဲ့ပြီး လီဗာပူးအသင်းဖော်ဟောင်း စတီဗင်ဂျရတ်၏ လက်အောက်တွင် ကစားခဲ့တာဖြစ်ပါတယ်။


သူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၁၇ သန်း ဝန်းကျင်ဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။


သို့သော်လည်း သူဟာ ၁ ဂိုးသာသွင်းပြီး ၂၀၂၂-၂၃ ရာသီတွင် ဂိုးဖန်တီးမှု မရှိခဲ့ဘဲ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အရန်ခုံကနေ ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ပွဲထွက်ခဲ့ရခြင်းမရှိခဲ့ပါဘူး။


ကော်တင်ဟိုဟာ အင်တာမီလန်တွင် ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လီဗာပူးသို့ ပြောင်းရွှေ့ခဲ့ကာ ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းဖြင့် မပြောင်းရွှေ့မီ အန်းဖီးလ်တွင် ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။


နူးကမ့်မှာ စီစဉ်ထားတဲ့အတိုင်း မအောင်မြင်ခဲ့ဘဲ အင်္ဂလန်သို့ မပြန်ခင် ဘိုင်ယန်သို့ အငှားသွားရောက် ကစားခဲ့ပါတယ်။


အခုအချိန်မှာတော့ ကော်တင်ဟိုဟာ အယ်လ်ဒူဟေးလ်သို့ ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။


ဒိုဟာအခြေစိုက် ကလပ်အသင်းဟာ ရာသီသစ်တွင် ပြီးပြည့်စုံတဲ့ စတင်မှုကိုလုပ်နိုင်ခဲ့ပြီး ၂ ပွဲနိုင်ကာ ဇယားထိပ်တွင် ရပ်တည်နိုင်နေပါတယ်။


လက်ရှိအသင်းရဲ့လူစာရင်းတွင် အခြေစိုက်ကစားသမားတစ်ဦးမျှမရှိဘဲ ပေါ်တူဂီနောက်ခံလူ ရူဘင်ဆီမီဒိုကသာ နာမည်ကြီးကစားသမားဖြစ်နေပါတယ်။


လိဒ်ကစားသမားဟောင်း ရိုဒရီဂို၊ ဆိုဖီယန် ဘိုဖယ်လ် နှင့် ရိုမိန်ဆိုင်စ်တို့ဟာ ကာတာသို့ရောက်နေပြီး ပီအက်စ်ဂျီကွင်းလယ်ကစားသမား မာကိုဗာရတ်တီကလည်း ကာတာစတားလိဒ်သို့ ရောက်ဖို့ရှိနေပါတယ်။


ယခုနှစ်နွေရာသီတွင် နာကမ်ဘာ၊ ဝက်စ်လေနှင့် ရမ်ဆေးတို့အား ရောင်းချထားပြီးဖြစ်ပြီး အက်ရှ်လေယန်းကလည်း အသင်းမှထွက်ခွာသွားပြီဖြစ်ပါတယ်။


တိုင်လေမန်းစ်၊ ပါအူးလ်တောရက်စ်နှင့် ဒီယာဘီတို့ကိုဟာ အဓိကရောက်ရှိလာသူများဖြစ်ကြပြီး နီကိုလိုဇန်နီအိုလိုကလည်း ဂါလာတာစာရေးကနေ အငှားဖြင့်လာရောက်ခဲ့ပါတယ်။

#အက်စတွန်ဗီလာ #ကော်တင်ဟို #အမ်မရီ #ပရီးမီးယားလိဂ်