ရှေ့သို့
Image

အငြင်းပွားဖွယ်ရာ အနမ်းပေးမှုအပြီးတွင် နည်းပြချုပ် ဂျော့ဗယ်ဒါမှလွဲပြီး ကျန်နည်းပြအဖွဲ့ဝင်များ ရာထူးမှ နှုတ်ထွက်

10:36 AM, 27 August

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီလက်စ်ဟာ နိုင်ငံ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကမ္ဘာ့ဖလား ဖိုင်နယ် အောင်ပွဲအတွက် ဂုဏ်ပြုနေစဉ် ပြဿနာတစ်ခုဖြစ်ပွားခဲ့ပါတယ်။


ကစားသမားတွေ ရွှေတံဆိပ်ဆုလက်ခံယူနေစဉ်အတွင်း ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဂျန်နီဟာမိုဆိုကို သူက နမ်းခဲ့တာဖြစ်ပါတယ်။


ရာထူးမှနှုတ်ထွက်မှုကို ရူဘီလက်စ်က ငြင်းဆိုထားတာကြောင့် အဆိုပါလုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြတဲ့အနေဖြင့် နည်းပြအဖွဲ့ဝင်တွေက ရာထူးမှ နှုတ်ထွက်ခဲ့ကြတာဖြစ်ပြီး နည်းပြချုပ်ဖြစ်တဲ့ ဂျော့ဗယ်ဒါ တစ်ဦးသာ ကျန်ရှိတော့တာဖြစ်ပါတယ်။


လက်ထောက်နည်းပြတွေဖြစ်တဲ့ တိုမီ၊ လာဂါ နှင့် ဂွန်ဇယ်လိုမာတင်၊ အကြောပြင်ဆရာဝန် ရိုမီယို မော်ရယ်လီဒါ နှင့် ဂိုးနည်းပြ ကားလို့စ်ဆန်ချက်ဇ်တို့ဟာ ရာထူးမှ ချက်ချင်း နှုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်။


ဒါကြောင့် ကမ္ဘာ့ဖာလးရရှိခဲ့တဲ့ အသင်းမှာ နည်းပြ ဗယ်လ်ဒါတစ်ဦးတည်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။


ဒါ့အပြင် သူဟာ ကစားသမားပေါင်းများစွာရဲ့ ဒေါသထွက်ခြင်းကိုလည်း ခံနေရပါတယ်။


ရူဘီလက်စ်ရဲ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့တာကြောင့် စပိန်နည်းပြအဖွဲ့ဝင်တွေက တော်တော်လေးစိတ်ဆိုးခဲ့ကြတယ်လို့ထင်ရပြီး လာမည့်စက်တင်ဘာလတွင် ကစားမည့် ခြေစမ်းပွဲအတွက် ပါဝင်ကစားပေးဖို့ ကစားသမားတွေကငြင်းဆိုထားခြင်းကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။


ရူဘီလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုခဲ့သော်လည်း ဖီဖာက ၎င်းအား စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ ပြုလုပ်ခဲ့ပါတယ်။


"ကျွန်တော့်ကို ထောက်ခံအားပေးသူအားလုံးကို ကျေးဇူးတင်လိုပါတယ်။ နှုတ်ဆိတ်နေပေမယ့် ကျွန်တော့်ကို ထောက်ခံတဲ့သူတွေ အများကြီးရှိပါတယ်" လို့ ရူဘီလက်စ်က ပြောပါတယ်။


ဆစ်ဒနီမှာကစားခဲ့တဲ့ဖိုင်နယ်တွင် စပိန်က အင်္ဂလန်ကို ၁-၀ ဖြင့် အနိုင်ရပြီးနောက် တိုက်ရိုက်လွှင့်ထားတဲ့ရုပ်သံမှ ရိုက်ကူးထားတဲ့ အနမ်းပေးမှုကို ခွင့်မပြုခဲ့ကြောင်း ဟာမိုဆိုက အခိုင်အမာဆိုသည်။


လက်ရှိအချိန်မှာတော့ ရူဘီလက်စ် စီစဉ်ထားတဲ့ချစ်ကြည်ရေးပွဲကို စပိန်တာဝန်ရှိသူများက ဖျက်သိမ်းဖို့ ပြောကြားခဲ့ပါတယ်။


အမျိုးသမီးအဖွဲ့အစည်း အများအပြားကလည်း ဆန္ဒပြရန် စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်?


"အများပြည်သူ၏ စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ရာရောက်တဲ့ လုပ်ရပ်များ ဖြစ်လာနိုင်တာကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပမည့် Motril Football Club မှစီစဉ်တဲ့ပွဲကို အက်စ်ခရီဘန်နို ကက်စ်တီလာ မြူနီစယ်အားကစားကွင်းတွင် ကစားရန် ဆိုင်းငံ့ထားပါတယ်" လို့ မြို့တော်တာဝန်ရှိသူများက ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

#စပိန် #ဟာမိုဆို #ရူဘီလက်စ် #ဂျော့ဗယ်ဒါ