ရှေ့သို့
Image

ဝမ်ဘစ်ဆာကာ ပါ၀င်တဲ့ ကစားသမား အလဲအထပ်အတွက် ဆွေးနွေးနေတဲ့ ယူနိုက်တက်

10:30 AM, 27 August

ယခုနွေရာသီတွင် ယူနိုက်တက်ဟာ မေဆင်မောင့်၊ အိုနာနှင့် ဟွိုက်လန်းတို့ကဲ့သို့ ကစားသမားတွေကို ခေါ်ယူကာ ငွေကြေးများစွာကို အသုံးပြုထားပါတယ်။


သို့သော်လည်း တန်ဟက်ရဲ့အသင်းဟာ ရာသီအစတွင် ခက်ခဲတဲ့စတင်မှုများရှိနေပါတယ်။


သရဲနီတွေဟာ တော့တင်ဟမ်ကို ၂-၀ ဂိုးဖြင့် မရှုံးနိမ့်ခင် ဝုဗ်ကို ၁-၀ ဂိုးဖြင့် ကံကောင်းစွာ အနိုင်ခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းရန် ရက်သတ္တပတ်တော် မကျန်ရှိတော့တဲ့အချိန်တွင် တန်ဟက်က ကစားသမားအလဲအလှယ်ပြုလုပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။


Football Insider ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာနှင့် ပေါ်တူဂီ နောက်ခံလူ နယ်လ်ဆင် ဆီမီဒိုတို့ ပါ၀င်သော အလားအလာရှိတဲ့ ကစားသမားလဲလှယ်မှုသဘောတူညီချက်အတွက် ညှိနှိုင်းရန် ဝုဗ်နှင့် စကားပြောဆိုထားပါတယ်။


Football Insider ဖော်ပြချက်တွင် တန်ဟက်ဟာ ညာခြမ်းခံစစ်တွင် အင်အားဖြည့်လိုတယ်လို့ ဆိုထားပါတယ်။


နောက်ကျနေတာကြောင့် ယူနိုက်တက်ဟာ ဆီမီဒိုကို တိုက်ရိုက်အစားထိုးဖို့ ဝမ်ဘစ်ဆာကာဖြင့် ကမ်းလှမ်းခဲ့ပါတယ်။


သို့သော်လည်း ဝမ်ဘစ်ဆာကာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ထင်ရပါတယ်။


ပွဲထွက်ခွင့်အတွက် ဒါလော့နှင့် တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်းကို မကြာသေးမီက အသက် ၂၅ နှစ်အရွယ် ကစားသမားက ပြောခဲ့ပါတယ်။


ယူနိုက်တက်ရဲ့တရားဝင်၀က်ဘ်ဆိုဒ်သို့ ဝမ်ဘစ်ဆာကာ "ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အတွက် တွန်းအားလည်းဖြစ်သလို အသင်းကိုလည်း ကူညီပေးရာရောက်ပါတယ်" လို့ ပြောပါတယ်။


"ကျွန်တော့်အတွက် ပထမဆုံးအရာက တန်ဟက်လိုချင်တဲ့အရာနဲ့ သူ့အနေနဲ့ ကျွန်တော့်ကို လိုနေတဲ့ အပိုင်းကို နားလည်နေဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ရတာကို ကျွန်တော် သဘောကျပါတယ်"


"ကျွန်တော်က အဲဒါကို ယုံကြည်မှု ရှိလာတဲ့အတွက် ရည်ရွယ်ချက်က ကျွန်တော် ကစားပုံနဲ့ သူလိုချင်တာ ကိုက်ညီဖို့ဖြစ်ပါတယ်"


"လက်ရှိက ကျွန်တော်တို့ လိုချင်နေတဲ့စတင်မှုတော့ မဟုတ်ဘူး။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ ရလဒ်ကို ရခဲ့ပြီး အဲဒီကနေ ဆက်လုပ်သွားဖို့ ရည်မှန်းထားပါတယ်" လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ #တန်ဟတ် #ပရီးမီးယားလိဂ်