ရှေ့သို့
Image

ကမ္ဘာ့ဖလားအပြီးမှာ ဟာမိုဆိုကိုနမ်းခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ်ရူဘီလက်စ်ကို ဆိုင်းငံ့လိုက်တဲ့ ဖီဖာ

10:09 AM, 27 August

အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အသင်းရဲ့ အင်္ဂလန်ကိုအနိုင်ရပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လူးဝစ်ရူဘီလက်စ်ရဲ့အပြုအမူကို စုံစမ်းစစ်ဆေးနေတာကြောင့် သူ့ကိုချက်ချင်း ဆိုင်းငံ့ထားကြောင်း ဖီဖာက စနေနေ့မနက်ပိုင်းက ကြေညာခဲ့ပါတယ်။


၁-၀ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် စပိန်ကြယ်ပွင့် ဂျနီဖာ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တာကြောင့် လူးဝစ်ရူဘီလက်စ်ကို ရက်ပေါင်း ၉၀ အထိ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။


"လူးဝစ်ရူဘီလက်စ်ရဲ့ နိုင်ငံနှင့် နိုင်ငံတကာအဆင့်တွင် ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများအားလုံးကို ယာယီရပ်ဆိုင်းရန် ကျွန်တော်တို့က ဒီနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


ဟာမိုဆိုက သူ့ရဲ့လုပ်ရပ်ကို ဆန့်ကျင်ပြောဆိုခဲ့ပြီး ရူဘီလက်စ်အနေနဲ့ရာထူးမှ နှုတ်ထွက်ခြင်းမပြုပါက ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သောကြာနေ့မှာတော့ ရူဘီလက်စ်ကတော့ ဥက္ကဌရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုခဲ့ပါတယ်။


"ဓာတ်ပုံမှာတွေမှာမြင်ရတဲ့အတိုင်း ကျွန်တော်ရှင်းပြချင်ပါတယ်၊ သူပေးခဲ့တဲ့အနမ်းကို ဘယ်အချိန်ကမှ ကျွန်မက သဘောမတူခဲ့သလို ဥက္ကဌကို ပြန်နမ်းဖို့ လုပ်ခဲ့တာလည်း မရှိပါဘူး"


"ကျွန်မရဲ့စကားကို သံသယဖြစ်တာဖြစ်စေ မပြောခဲ့ဖူးတဲ့ စကားလုံးတွေ နည်းပါးသွားတာဖြစ်စေ သည်းမခံနိုင်ပါဘူး" လို့ ဟာမိုဆိုက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။


ရူဘီလက်စ်အား ရာထူးမှမဖယ်မရှားမချင်း စပိန်အမျိုးသမီးလက်ရွေးစင်အသင်းမှ ကစားသမား ၅၅ ဦးဟာ ပြိုင်ပွဲများတွင် ကစားမည်မဟုတ်ဟု အသနားခံစာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများ၏ဂုဏ်သိက္ခာကို ချိုးဖောက်သည့်အပြုအမူများကို ပြင်းထန်စွာ  ရှုတ်ချလိုကြောင်း ပြောကြားခဲ့ပါတယ်။


သတင်းထောက် အိုင်ဘာစီတာရဲ့ အဆိုအရ စပိန်အမျိုးသမီးအသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်းရာ ဝန်ထမ်း ၁၁ ဦးဟာ သူတို့ရဲ့ ရာထူးကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။


ရူဘီလက်စ်ကတော့ ဟာမိုဆိုဟာ သူ့နမ်းခဲ့တာကို သဘောတူကြောင်း အခိုင်အမာဆိုထားပါတယ်။


"အဲဒီအခိုက်အတန့်မှာ ကျွန်တော့်ရဲ့ဆန္ဒက ကျွန်တော့်ရဲ့သမီးတစ်ယောက်ကို နမ်းရတာနဲ့ အတူတူပါပဲ။ အဲ့ဒီထက်မပိုပါဘူး။ အဲဒါကို လူတိုင်းနားလည်ပါတယ်။ ဒါဟာ သူ့အလိုလိုဖြစ်သွားတဲ့ အနမ်းတစ်ခုပါ"


"ဂျနီ ရောက်လာတဲ့အခိုက်မှာ သူမက ကျွန်တော့်ကို မြေပြင်ပေါ်ကနေ လက်ကမ်းပေးခဲ့ပါတယ်။ ပြုတ်ကျလုမတတ် ပွေ့ဖက်ခဲ့ကြတယ် ပင်နယ်တီကို မေ့လိုက်ပါကွာ၊ မင်းက အရမ်းကောင်းခဲ့တာပဲ မင်းမရှိရင် ငါတို့ ကမ္ဘာ့ဖလားကို ရနိုင်မှာ မဟုတ်ဘူး လို့ ကျွန်တော်က ပြောခဲ့ပါတယ်။ မင်း အရမ်းတော်တယ် လို့ ပြောပြီး နမ်းမလား လို့ ပြောတဲ့အခါ သူမကလည်း နမ်းမယ်လို့ ပြန်ပြောခဲ့ပါတယ်။ တရားမျှတမှု က ဒီမှာ မပြီးသေးပါဘူး။ ဒါက လူမှုရေး လုပ်ကြံမှုဖြစ်ပြီး၊ သူတို့က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာ" လို့ ရူဘီလက်စ်က ESPN မှာ ပြောခဲ့ပါတယ်။


ကြာသပတေးနေ့တွင် ဖီဖာရဲ့ စည်းကမ်းဆိုင်ရာ အရေးယူမှုများကို လုပ်ဆောင်ခဲ့နောက် ရာထူးမှ နုတ်ထွက်ရန် မျှော်လင့်ထားတာကြောင့် သူ့ရဲ့မှတ်ချက်တွေက အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။


ရူဘီလက်စ်ဟာ အမေရိကန် အမျိုးသမီး လက်ရွေးစင်ကြယ်ပွင့်ဟောင်း မက်ဂန်ရာပီနိုရဲ့ ဝေဖန်မှုအပါဝင်ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုတွေကိုခံနေရပါတယ်။


အသင်းဖော် အဲလက်စ် မော်ဂန်ကလည်း "လူးဝစ် ရူဘီလက်စ်ရဲ့ လူအများရှေ့လုပ်ရပ်ကြောင့် ကျွန်မတို့ ရွံရှာမိပါတယ်" လို့ တွစ်တာတွင် ရေးသားခဲ့ပါတယ်။


"ကျွန်မက ဟာမိုဆိုနှင့် စပိန်ကစားသမားတွေဘက်ကနေရပ်တည်ပါတယ်။ ကမ္ဘာ့ဖလားကို ရရှိရခြင်းဟာ ဒီကစားသမားတွေရဲ့ဘဝမှာ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခု ဖြစ်သင့်ပေမယ့် အဲဒီအစား စပိန် အဖွဲ့ချုပ်ရဲ့ ညစ်ညမ်းမှုနဲ့ ကျရှုံးမှုတွေက လွှမ်းမိုးနေတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။

#စပိန် #ဟာမိုဆို #ရူဘီလက်စ်