ရှေ့သို့
Image

လူကာကူကို အငှားဖြင့် စေလွှတ်ဖို့ အသင့်ဖြစ်နေတဲ့ ချဲလ်ဆီး

10:34 AM, 26 August

ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ရာသီက စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လာခဲ့ပြီးနောက် အင်တာမီလန်တွင် ကစားခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ် လူကာကူဟာ ယခုနွေရာသီ ပိုချက်တီနို လက်အောက်တွင် ချဲလ်ဆီးအသင်းရဲ့ ပထမအသင်းနှင့် ပြန်လည်ပေါင်းစည်းခြင်းမရှိသေးပါဘူး။

ချဲလ်ဆီးဟာ အသင်းရဲ့ ယခင် နံပါတ် ၉ အတွက် အပြီးသတ်ရောင်းချလိုနေတာကြောင့် အငှားချဖို့ စိတ်ကူးမရှိနေတာဖြစ်ပါတယ်။ သို့သော် ယခုအချိန်အထိ ထိုကဲ့သို့မလုပ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးဟာ လူကာကူအတွက် အငှားချရန် စဉ်းစားနေပြီဖြစ်တယ်လို့ The Athletic က ဖော်ပြထားပါတယ်။

အဆိုပါတိုက်စစ်မှူးကို ဂျူဗင်တပ်စ်နှင့် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားတို့က စိတ်ဝင်စားလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ပေါင် ၉၇.၅ သန်းဖြင့် ချဲလ်ဆီးခေါ်ယူခဲ့ရတဲ့ လူကာကူအတွက် ဂျူဗင်တပ်စ်က ပေါင် ၃၅ သန်းဝန်းကျင်ဖြင့်သာ ကမ်းလှမ်းခဲ့တယ်လို့ ထင်ရပါတယ်။ လူကာကူသည် ယူ-၂၁ အသင်းနှင့် လေ့ကျင့်ရေးဆင်းနေတယ်လို့ ထင်ရပြီး ယခုနွေရာသီတွင် ပိုချက်တီနိုနှင့် စကားမပြောဆိုရသေးတာဖြစ်ပါတယ်။

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက "ကျွန်တော်တို့ ဒီကို မရောက်လာခင်မှာ ပြဿနာက ရှင်းနေပါတယ်။ ကလပ်နဲ့ ကစားသမားကြားမှာ အဖြေတစ်ခုရှာဖို့ ဆန္ဒရှိတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှမဖြစ်သေးပါဘူး" "တစ်ခုခု အပြောင်းအလဲရှိရင် ကျွန်တော်တို့ပြောမှာပါ။ ကစားသမားနဲ့ အသင်းရဲ့ဆန္ဒက အဖြေရှာချင်တယ်ဆိုရင်လည်း ဒါက ကျွန်တော်နဲ့မဆိုင်ဘဲ သူတို့တွေရဲ့ကိစ္စသာဖြစ်ပါတယ်။ "အဲဒီအခြေအနေမှာပြောင်းလဲသွားရင် ကစားသမားနဲ့ ကလပ်က ကျွန်တော့်ကို အကြောင်းကြားပါလိမ့်မယ်" "ကလပ် ဒါမှမဟုတ် ကစားသမားက ကျွန်တော်နဲ့ စကားပြောချင်နေသရွေ့ ကျွန်တော် ပြောင်းရွှေ့မှာ မဟုတ်ပါဘူး" "ကျွန်တော်ဒီမှာရှိပြီး ကျွန်တော်ရောက်လာခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က ဒီအခြေအနေတွေကို လက်ခံပါတယ်" လို့ ပြောပါတယ်။

ပိုချက်တီနိုဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် စိတ်အားထက်သန်နေပါတယ်။ လက်ရှိမှာတော့ဘရိုဂျာ၊ အန်ကွန်ကူနှင့် ကွင်းလယ်တိုက်စစ်ကစားသမား ချက်ကွီမီကာတို့က ဒဏ်ရာရရှိနေပါတယ်။

ယနေ့ည စတန်းဖို့ဒ်ဘရစ်ချ်တွင် လူတန်တောင်းနှင့် ထိပ်တိုက်တွေ့ဆုံမှု မတိုင်မီ ပိုချက်တီနိုက "ကြံ့ခိုင်မှုမပြည့်တဲ့ကစားသမား ဒါမှမဟုတ် အသားကျဖို့လိုအပ်နေတဲ့ ကစားသမားအတွက်ဆိုရင် အချိန်စောင့်ရမှာဖြစ်ပါတယ်" "အဲ့လိုဆိုရင် အသင်းအတွက် အရှုပ်အထွေးတွေ ဖန်တီးလိုက်သလိုပါ။ ဒါကြောင့် အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကျွန်တော်တို့ တကယ်ကို ကြိုးစားလုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #အပြောင်းအရွှေ့ #လူကာကူ