ရှေ့သို့
Image

စပိန်အမှုဆောင် လူးဝစ်ရူဘိုင်လက်စ်ကို ဆန္ဒပြတဲ့အနေနဲ့ စပိန်အသင်းကနေ နုတ်ထွက်ခဲ့တဲ့ ဘရိုဂျာ

9:59 AM, 26 August

စပိန်အသင်းတိုက်စစ်မျူး ဘရိုဂျာတစ်ယောက် နိုင်ငံအသင်းအမှုဆောင် လူးဝစ်ရူဘိုင်လက်စ်ကို ဆန္ဒပြတဲ့အနေနဲ့ အသင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ဘက်တစ်တိုက်စစ်မှူးဟာ တွစ်တာကနေ အမျိုးသမီးအသင်းနဲ့အတူ ရပ်တည်ကြောင်းပြသပြီး လူစာရင်းကနေ အံ့အားသင့်ဖွယ် နုတ်ထွက်ခဲ့ပါတယ်။

တွစ်တာမှာ ဘရိုဂျာက “ကျွန်တော်ဝမ်းနည်းပြီး စိတ်ပျက်မိပါတယ်။ ဘောလုံးသမားတစ်ဦးအနေနဲ့ကော လူတစ်ဦးအနေနဲ့ပါ။ ကျွန်တော် ဒီလူရှိနေတဲ့အသင်းမှာ ကိုယ်စားမပြုချင်ပါဘူး။ စပိန်အသင်းအကျီကို ဝတ်ဆင်ခဲ့ရတာက ကျွန်တော့်ကစားသမားဘ၀ အကြီးမားဆုံးအရာတွေထဲကတစ်ခုပါ။  အချို့အချိန်တွေမှာ ရွေးချယ်ခွင့်တစ်ကြိမ် ထပ်ရမလားဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော် အရာတွေကို မပြောင်းလဲသလို အပြစ်မပေးရင် နိုင်ငံအသင်းကို ပြန်မလာဖို့ ဆုံးဖြတ်ပြီးပါပြီ။ မျှတမှုရှိပြီး လူသားပိုဆန်ဖို့ လိုအပ်သလို လက်ခံနိုင်တဲ့ဘောလုံးရပ်ဝန်းဖြစ်ဖို့ လိုအပ်ပါတယ်”လို့ ဘရိုဂျာက တွစ်တာမှာတင်ခဲ့ပါတယ်။

အဆိုပါတွစ်တာပို့စ်ကို ဂယ်ရီလိုင်နီကာက Share ခဲ့ပြီး စပိန်သားကို အားပေးစကားဆိုခဲ့ပါတယ်။ ဘရိုဂျာဟာ နိုင်ငံအသင်းအတွက် ပြီးခဲ့တဲ့နှစ် ဆွစ်ဇာလန်နဲ့ပွဲမှာ ပထမဆုံးပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ စပိန်အသင်းအတွက် ၂ ပွဲမြောက်ကို မတ်လတုန်းက စကော့တလန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဘရိုဂျာရဲ့ဆုံးဖြတ်ချက်က စပိန်အသင်းအမှုဆောင် ရူဘိုင်လက်စ်တစ်ယောက် နုတ်ထွက်စာမတင်ခဲ့တဲ့နောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့တုန်းက စပိန်အမျိုးသမီးဆုဖလားရယူချိန်မှာ ဟာမိုဆိုကို သူ့နှုတ်ခမ်းနဲ့နမ်းပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အဆိုပါအဖြစ်အပျက်ကြောင့် ရူဘိုင်လက်စ်ကို ကစားသမားအများအပြား ၊ နိုင်ငံရေးသမားတွေနဲ့ လာလီဂါကလပ်အသင်းတွေက နှုတ်ထွက်ကြဖို့ နဲ့ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

အခုမနက်ခင်းမှာတော့ ရူဘိုင်လက်စ်က “ကျွန်တော် နုတ်ထွက်မှာမဟုတ်ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရူဘိုင်လက်စ်ဟာ အမျိုးသမီးဝါဒကို ဝေဖန်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဟာမိုဆိုကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့အမြင်နဲ့  အရေးယူဖို့ ပြောကြားခဲ့ပါတယ်။ ရူဘိုင်လက်စ်ကတော့ တနလာၤနေ့တုန်းက တောင်းပန်စကားဆိုခဲ့ပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့တာဖြစ်ပါတယ်။


#စပိန် #ဘရိုဂျာ