ရှေ့သို့
Image

ဆိုစီဒက်အသင်းထံ အငှားနဲ့ ထွက်ခွာတော့မယ့် တီယာနေး

11:36 AM, 25 August

သတင်းတွေအရ အာဆင်နယ်ဟာ တီယာနေးကို အငှားချဖို့ စပိန်ကလပ် ဆိုစီဒက်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ တီယာနေးဟာ အာဆင်နယ်ရှင်းထုတ်မယ့် ကစားသမား ၇ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာ တီယာနေးကို အပြီးသတ်သာ ရောင်းထုတ်ချင်နေပေမယ့် ဆိုစီဒက်က စကော့တလန်သားကို အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက တီယာနေးကို အငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ် နဲ့ ဆိုစီဒက်တို့ကြား ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အာတီတာကတော့  တီယာနေးဟာ သူ့အစီအစဉ်ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အာဆင်နယ်ဘက်က ရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

တီယာနေးကို နယူးကာဆယ်အသင်းက အသည်းအသန်စိတ်ဝင်စားနေပေမယ့် အဆုံးသတ်မှာ ဟောကိုသာ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၆ နှစ်သားကို အသင်းဟောင်း ဆဲလ်တစ်ကလည်း ခေါ်ယူချင်နေပေမယ့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

တီယာနေးဟာ အာဆင်နယ်ထံ  ၂၀၁၉ တုန်းက ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း ၁၂၄ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် အခုရာသီသစ်မှာတော့ အာဆင်နယ်အသင်းလူစာရင်းထဲမှာတောင် မပါဝင်ခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဆိုစီဒက် #အပြောင်းအရွှေ့ #တီယာနေး