ရှေ့သို့
Image

အာဆင်နယ်အသင်းနဲ့ အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ ဂျီးဆပ်စ်

8:53 AM, 25 August

အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်စ်တစ်ယောက် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ လအစတုန်းက ဒူးဒဏ်ရာခွဲစိတ်ပြီးနောက် ပထမဆုံးအကြိမ် အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းအပြည့်အဝဆင်းခဲ့တာ ဖြစ်ပါတယ်။

“ကံမကောင်းစွာနဲ့ ဒီနေ့မနက်ခင်းမှာ သူလုပ်ငန်းစဉ်အနည်းငယ်ရှိခဲ့ပါတယ်။ သူ့ဒူးအခြေအနေက အဆင်မပြေသေးပါဘူး။ သူရက်သတ္တပတ်အနည်းငယ်လောက်နားရဦးမှာပါ။ အကောင်းဆုံး အနေအထားနဲ့ပြန်လာနိုင်ချိန်မှာ အခုလိုဖြစ်တာက တကယ့်ဆိုးပါတယ်။ အထူးသဖြင့် ဘာစီလိုနာနဲ့ပွဲမှာ သူအကောင်းဆုံးအနေအထားရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ သူ့ကို ဆုံးရှုံးရပါတော့မယ်။ သူ့အခြေအနေကိုကြည်ြ့ပီး ဆုံးဖြတ်ချက်ချမှာပါ။ အကောင်းဆုံးက ကစားသမားကိုကာကွယ်ပြီး သူအလျင်အမြန်ပြန်လာနိုင်ဖို့ပါ”လို့ အာတီတာက ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

ဂျီးဆပ်စ်ဟာ ဒဏ်ရာအခြေအနေကြောင့် မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဖလားပွဲကို လွဲချော်ခဲ့သလို နော်တင်ဟမ်ဖောရက်စ်နဲ့ ပဲလေ့စ်ပွဲတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဂျီးဆပ်စ်တစ်ယောက် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီ ဖြစ်တာကြောင့် အခုအပတ်မှာကစားမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အာဆင်နယ်တိုက်စစ်ကို ဂျီးဆပ်စ်မရှိချိန်တုန်းက အန်ကီတီးယားက ဦးဆောင်ခဲ့တာဖြစ်ပြီး တကယ်လို့ ဖူလ်ဟမ်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ရင်တောင် ယူနိုက်တက်နဲ့ကစားမယ့်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂျီးဆပ်စ်တစ်ယောက် ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်နားခဲ့ရသေးတာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ်