ရှေ့သို့
Image

ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို့ အယ်လ်အာလီရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ ဆယ်လ်တာကြယ်ပွင့်ဗီဂါ

3:45 PM, 24 August

လာလီဂါရဲ့အတောက်ပဆုံးကြယ်ပွင့်ကစားသမား ဂါဗရီဗီဂါက ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ဖို့အတွက် အယ်လ်အာလီရဲ့ ကမ်းလှမ်းမှုတစ်ရပ်ကို လက်ခံလိုက်ပြီလို့ နာမည်ကျော်သတင်းထောက်ရိုမာနိုရဲ့ Twitter လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။

အီတလီသတင်းရင်းမြစ်တွေရဲ့အဆိုအရ ဆယ်လ်တာဗီဂိုက အသင်းကွင်းလယ်ဖန်တီးရှင်အတွက် ကမ်းလှမ်းလာမှုကို လက်ခံလိုက်သလို ကစားသမားကလည်း အံ့ဖွယ်စာချုပ်သစ်ကမ်းလှမ်းမှုတစ်ရပ်ကို လက်ခံခဲ့ပြန်ပါတယ်။ ဒီအပြောင်းအရွှေ့က ကစားသမားဘဝနေဝင်ချိန်ရောက်ရှိနေတဲ့ နာမည်ကြီးဘောလုံးသမားတွေအပြင် အကောင်းစားလူငယ်ကြယ်ပွင့် ကစားသမားတွေကိုပါ ခေါ်ယူအင်အားဖြည့်တင်းလိုနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေအတွက် နောက်ဆုံးလှုပ်ရှားမှုတစ်ခု ဖြစ်လာပါတယ်။

ဗီဂါကို ခေါ်ယူနိုင်ဖို့ ဥရောပတလွှားရှိ ကလပ်အသင်းများစွာက အတော်လေး စိတ်ဝင်စားခဲ့ကြပါတယ်။ ချဲလ်ဆီးရဲ့စိတ်ဝင်စားမှုတွေ အေးစက်သွားချိန်မှာပဲ နာပိုလီက အသက်-၂၁ နှစ်အရွယ် ကစားသမားကို အပြင်းအထန်ချိတ်ဆက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အယ်လ်အာလီက ကစားသမားရဲ့စိတ်ဆန္ဒကို အရယူနိုင်ခဲ့ပါတယ်။

ဗီဂါလိုကြယ်ပွင့်ကစားသမားကို ဆုံးရှုံးရခြင်းက လက်ရှိဈေးကွက်မှာ ပရီးမီးယားလိဂ်ကလပ်တွေ၊ ဆော်ဒီပရိုလိဂ်ကလပ်တွေနဲ့ လုပ်ခလစာပေးချေမှုပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်နေရတဲ့ လာလီဂါအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။

#ဗီဂါ #ဆဲလ်တာဗီဂို #အပြောင်းအရွှေ့