ရှေ့သို့
Image

ဖရန့်ဖတ်တိုက်စစ်မှူး ကိုလိုမူအာနီကိုခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာတဲ့ ပီအက်စ်ဂျီ

1:33 PM, 24 August

ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီအတွက် သူတို့ရဲ့ကမ်းလှမ်းမှုကို အရှိန်မြှင့်ဖို့ လုပ်ဆောင်ဖို့ ပီအက်စ်ဂျီက ပြင်ဆင်နေပြီး ပြင်သစ်မြို့တော်သို့ ပြောင်းရွှေ့ရန် ကစားသမားက တွန်းအားပေးနေတယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်အတွက် ပီအက်စ်ဂျီရဲ့ ကနဦးကမ်းလှမ်းမှုမှာ ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) နှင့် အပိုဆုကြေး ယူရို ၁၀ သန်း (ပေါင် ၈ သန်း) ဖြစ်ပြီး ဖရန့်ဖတ်က ပယ်ချခဲ့တယ်လို့ ထင်ရပါတယ်။ L'Equipe ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ဖရန့်ဖတ်ထံ ကမ်းလှမ်းမှု တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။

မူအာနီဟာ ပီအက်စ်ဂျီရဲ့ အပြောင်းအရွှေ့ဈေးကွက်တွင် ထိပ်တန်းတိုက်စစ်ပစ်မှတ်ဖြစ်တယ်လို့ သတင်းတွေက အခိုင်အမာဆိုသော်လည်း ဖရန့်ဖတ်ရဲ့ တောင်းဆိုမှုစျေးနှုန်းအရ ယူရိုသန်း ၁၀၀ (ပေါင် ၈၅.၅ သန်း) ဖြင့် ခေါ်ယူရန် ပြင်ဆင်ထားခြင်းရှိမရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမန်နိုရဲ့အဆိုအရ အဆိုပါတိုက်စစ်မှူးဟာ အင်းနရစ်ရဲ့အသင်းနှင့် ၅ နှစ် သက်တမ်းရှိစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီဖြစ်ပြီး လက်ရှိတွင် အပြီးသတ်ပြောင်းရွှေ့ရန် တွန်းအားပေးလျက်ရှိပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက နန့်တက်စ်မှ ဖရန့်ဖတ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၂-၂၃ ရာသီတွင် အကောင်းဆုံးခြေစွမ်းပြခဲ့ကာ ၄၆ ပွဲကစား ၂၃ ဂိုးသွင်း ၁၇ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မူအာနီဟာ ရာသီသစ်အစတွင် ခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်အပါအဝင် ၂ ပွဲကစားထားကာ ၂ ဂိုး သွင်းခဲ့နိုင်ခဲ့ပါတယ်။

ဖရန့်ဖတ်အသင်းဟာ တိုက်စစ်မှူးရဲ့အနာဂတ်နှင့် ပတ်သက်လာလျှင် ခိုင်မာသောအနေအထားတွင်ရှိနေပြီး စာချုပ်သက်တမ်းမှာ နောက်ထပ် ၄ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအဆင့်တွင် အမ်ဘာပီကို ရီးရဲလ်မက်ဒရစ်က စျေးကြီးသောကမ်းလှမ်းမှုတစ်ခုပြုလုပ်ရန် ပြောဆိုမှုများရှိနေသော်လည်း အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ပါတယ်။

ယခုနွေရာသီတွင် ပီအက်စ်ဂျီ၌ ကြီးမားတဲ့ ပြောင်းလဲမှုရှိနေပြီး မက်ဆီ၊ နေမာတို့ရဲ့ ထွက်ခွာခြင်းနဲ့အတူ တိုက်စစ်အားဖြည့်မှုအဖြစ် ဒမ်ဘီလီ၊ အဆန်စီယို၊ ဂွန်ကာလိုရာမို့စ်တို့ကို ခေါ်ယူထားပါတယ်။ ပီအက်စ်ဂျီဟာ ၂၀၂၃-၂၄ ရာသီအစ ပွဲစဉ်များတွင် ခြေစွမ်းဆိုးရွားနေပြီး အဖွင့်ပွဲစဉ် ၂ ပွဲအဖြစ် လော်ရီယန့်၊ တူးလော့စ်တို့နှင့် သရေကျခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်က တော့တင်ဟမ်ကနေ ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိလာချိန်မှာတော့ အင်နရစ်ရဲ့အသင်းက ဟယ်ရီကိန်းကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြင်သစ်ကလပ်ဟာ ယူနိုက်တက်နှင့် ရက်ချ်ဖို့ဒ်တို့ရဲ့ ကာလရှည်စာချုပ်မချုပ်ဆိုမီ အချိန်မှာ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တယ်လို့ ထင်ရပါတယ်။

ပီအက်စ်ဂျီဟာ စနေနေ့ညတွင် လန်းစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ရာသီသစ်ရဲ့ပထမဆုံသော နိုင်ပွဲအား ရရှိနိုင်ဖို့ ရည်မှန်းထားပါတယ်။

#ဖရန့်ဖတ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ မူအာနီ