ရှေ့သို့
Image

မူအာနီအတွက် ဖရန့်ဖတ်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီ

1:22 PM, 24 August

ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းက အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာရဲ့ ထွက်ခွာမှုအပြင် အခြားကြယ်ပွင့် ကစားသမားဖြစ်တဲ့ အမ်ဘာပေရဲ့ အနာဂတ်မရေမရာ ဖြစ်လာတာကြောင့် တိုက်စစ်ပိုင်းကို တောင့်တင်းလာစေရန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ခြေစွမ်းပြနေတဲ့ ဖရန့်ဖတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှုး မူအာနီကို ခေါ်ယူရေး ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ နက်ဆာခီလိုင်ဖီက ဥရောပ အောင်မြင်မှု ရရေးအတွက် အားစိုက်နေချိန် အဓိက ကစားသမားအချို့ရဲ့ အနာဂတ်မရေရာမှုနဲ့အတူ ဥရောပ အရည်အသွေးမြင့် ကစားသမားတွေကို ဖြည့်တည်းနိုင်ရန် လုပ်ဆောင်နေတာ ဖြစ်ပြီး ကိန်းအပြင် နာပိုလီအသင်းနဲ့အတူ အဆင့်အတန်းမြင့်မားတဲ့ ခြေစွမ်းပိုင်းနဲ့ အတူ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပြခဲ့တဲ့ အိုဆီမန်ရဲ့ ပြောင်းရွှေ့ကြေး ပမာဏမြင့်မားလွန်းတာကြောင့် လက်လျှော့ကာ ဖရန့်အသင်းမှာ ပုံစံကောင်း ရှာဖွေထားနိုင်ခဲ့တဲ့ ကိုလိုမူအာနီအား ပစ်မှတ်ထားလာနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်တဲ့ ပရီးမီးယားလိဂ် ထိပ်တန်းတိုက်စစ်ကစားသမား ဟယ်ရီကိန်းအတွက် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် လုပ်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဥရောပ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေဖြင့် ကိုလိုမူအာနီအတွက် ဖရန့်ဖတ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ အပြင် အပိုဆုကြေး ယူရို ၁၀သန်းဖြင့် ကမ်းလှမ်းထားခဲ့ရာမှာ ဖရန့်ဖတ်အသင်းက ပယ်ချထားခဲ့တာဖြစ်ပြီး ပဲရစ်ကလပ်အနေဖြင့် အားမလျှော့သေးဘဲ ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်လာတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကျော် အားကစားဒါရိုက်တာ လူးဝစ်ကမ်းပို့စ်အနေဖြင့် မူအာနီအတွက် အပြီးဝယ်ယူခွင့်ပါဝင်တဲ့ အငှားခေါ်ယူမှုပုံစံ သို့မဟုတ် အက်ကီတီကီအား အလိုက်ပေးကမ်းလှမ်းတဲ့ ပုံစံမျိုး ချဉ်းကပ်နေတာပဲ ဖြစ်ပါတယ်။

#ဖရန့်ဖတ် #ပီအက်စ်ဂျီ #အပြောင်းအရွှေ့ မူအာနီ