ရှေ့သို့
Image

ဘယ်လ်ဘာကို ခေါ်ယူဖို့အဆင်မပြေတော့တာကြောင့် လိုကွန်ဂါကို ပစ်မှတ်ထားလာတဲ့ ဘရိုက်တန်

8:49 AM, 23 August

ဘရိုက်တန်အသင်းဟာ လိုင်လီစတား ကားလို့စ်ဘယ်လ်ဘာကို ခေါ်ယူနိုင်ဖို့ အဆင်မပြေတော့တာကြောင့် အာဆင်နယ်စတား လိုကွန်ဂါကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

ဒီဇာဘီရဲ့အသင်းဟာ ရာသီသစ်မှာ အကောင်းဆုံး လူအင်အားကို အလိုရှိနေပြီး တနလာၤနေ့မှာ အသက် ၁၉ နှစ်သားကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မက်အလစ္စတာနဲ့ ကိုင်စီဒိုတို့ကို ရောင်းထုတ်ထားပြီးဖြစ်တာကြောင့် အာဆင်နယ်ကအလိုမရှိတဲ့ လိုကွန်ဂါကို ခေါ်ယူဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

သတင်းတွေအရ ဘရိုက်တန်ဟာ ဘယ်လ်ဂျီယံသားကို ကနဦးအငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လိုကွန်ဂါဟာ ၂၀၂၁ တုန်းက ပေါင် ၁၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းအသင်းမှာ အငှားကစားခဲ့ကာ ၉ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

အခုချိန်မှာတော့ လိုကွန်ဂါဟာ အာတီတာရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့တာကြောင့် ဘရိုက်တန်က ကမ်းလှမ်းလာရင် အသင်းပြောင်းဖွယ်ရှိနေပါတယ်။ ဘရိုက်တန်ဟာ ဂျာအိုပက်ဒရိုကို ခေါ်ယူထားခဲ့သလို အန်ဒါလက်ချ်ဂိုးသမား ဗာဗရူဂန် နဲ့ ဖီအိုစတား ဂျူလီယိုတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီလ်နာနဲ့ ဒါဟွတ်တို့ကို အလွတ်နဲ့ ခေါ်ယူထားခဲ့ကာ အဖွင့်ပွဲမှာ လူတန်တောင်းအပြင် စနေနေ့တုန်းကလည်း ဝုဗ်အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

လာမယ့်စနေနေ့မှာ ဘရိုက်တန်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာဆင်နယ် #ဘရိုက်တန် #လိုင်လီ #အပြောင်းအရွှေ့ #လိုကွန်ဂါ #ကားလို့စ်ဘယ်လ်ဘာ