ရှေ့သို့
Image

အသင်းဟောင်း အင်တာမီလန်သို့ ပြန်သွားဖွယ်ရှိနေတဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်

2:52 PM, 22 August

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ ကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်ဟာ မာဆေးလ် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မာဆေးလ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး လီဂူးဝမ်းတွင် ၁၄ ဂိုး သွင်းယူခဲ့သော်လည်း ကလပ်ကနေ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်မှာ မကစားခင်က ချီလီသားဟာ အင်တာမီလန်မှာ ၃ ရာသီကြာ ကစားခဲ့ပြီး ပထမဆုံးအနေနဲ့ ယူနိုက်တက်ကနေ အငှားလာရောက် ကစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာတုန်းက ကလပ်ရ့်စီးရီးအေဖလား ကင်းမဲ့နေမှုကို အဆုံးသတ်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၀၉ ပွဲကစားပြီး ဂိုးပေါင်း ၂၀ သွင်းယူ ပေးထားခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ အခုတော့ အီတလီသို့ ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။ ရိုမန်နိုရဲ့ ပြောကြားချက်အရ အင်တာမီလန်စီအီးအို မာရော့တာဟာ ဆန်းချက်ဇ်ကို ပြန်ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။

"အဲလက်စ်က အင်တာမီလန်အသင်းမှာ ပြန်လည်ပါဝင်လိုတဲ့ သူ့ရဲ့ဆန္ဒနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ မက်ဆေ့ချ်တွေကို ကျွန်တော်တို့ထံ ပေးပို့ခဲ့တာတော့ အမှန်ပါပဲ" လို့ မာရော့တာက ပြောထားပါတယ်။
မြောက်လန်ဒန်ကလပ်တွင် ၃ နှစ်ခွဲကြာ အောင်မြင်မှုရရှိခဲ့ပြီးနောက် ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ယူနိုက်တက်သို့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့ပြီး အဆိုပါအပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မစ်ခီတာယန်က အာဆင်နယ်သို့ ပြန်လည် ပြောင်းရွေ့သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ နီးပါရရှိနေတဲ့ ဆန်းချက်ဇ်က လေ့ကျင့်ရေးတစ်ခုအပြီးတွင် ယူနိုက်တက်ကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး အပြောင်းအရွေ့ဟာ မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပါတယ်။ ယခုနွေရာသီမှာ ဘာစီလိုနာသို့ ပြန်သွားဖို့ ချိတ်ဆက်မှုများလည်း ရှိနေခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်သို့  ပြန်လာဖို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ်လို့ SunSport က မေလတုန်းက ဖော်ပြခဲ့ပါတယ်။

#အာဆင်နယ် #အင်တာမီလန် #ဆန်းချက်ဇ် #ပရီးမီးယားလိဂ်