ရှေ့သို့
Image

မီထရိုဗစ်နှင့် ဝက်ပရောက်စ် တို့ကဲ့သို့ ပြီးပြည့်စုံသော ခေါ်ယူမှုများကို လျစ်လျူရှုခဲ့ခြင်းအတွက် ချဲလ်ဆီးကို ပြစ်တင်ဝေဖန်လိုက်တဲ့ လီဘော့ဖ်

12:55 PM, 22 August

ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ လီဘော့ဖ်သည် မီထရိုဗစ်နှင့် ဝက်ပရောက်စ် တို့ကဲ့သို့ ပြီးပြည့်စုံသော ခေါ်ယူမှုများကို လျစ်လျူရှုသည့်အတွက် ၎င်း၏အသင်းဟောင်းအား ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရပါတယ်။ ချဲလ်ဆီးအသင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ကြီးမားသောအပြောင်းအရွှေ့ဈေးကွက်တစ်ခုကို စတင်နေပြီဖြစ်ပါတယ်။

ပိုချက်တီနိုသည် ပြီးခဲ့သည့် သီတင်းပတ်က ဘရိုက်တန်မှ ကိုင်စီဒို ကို ပေါင် ၁၅၅ သန်းဖြင့် ခေါ်ယူရန် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးကို ချိုးဖျက်ခဲ့ပြီး ၎င်းနောက် ဆောက်သမ်တန်မှ လာဗီယာ ကိုလည်း ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူခဲ့ပါတယ်။ ၎င်းတို့အပြင် အန်ကန်ကူ၊ နီကိုလပ်ဂျက်ဆင်၊ ရော်ဘတ်တိုဆန်းချက်ဇ် နှင့် ဒီယာဆီ တို့လို ကစားသမားများကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် နှစ်ပွဲမှာ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါသေးတယ်။

ဝက်စ်ဟမ်းအသင်းမှ ကွင်းလယ်ကစားသမားသစ်ဖြစ်သူ ဝက်ပရောက်စ် သည် လန်ဒန်အားကစားကွင်းတွင် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါကွင်းလယ်ကစားသမားဟာ ဆောက်ဟမ်တမ်အသင်းမှ ဟမ်းမားထံသို့ ပေါင်သန်း ၃၀ နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယခုအခါ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်ဟာလည်း ဆော်ဒီကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းသိရပါတယ်။

လီဘော့ဖ်က အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်း၏ ကစားသမားအများစုသည် အသင်းနှင့် လိုက်လျောညီထွေမဖြစ်ခဲ့ကြောင်း သက်သေပြခဲ့ပြီး ကလပ်အနေဖြင့် ဝက်ပရောက်စ် ကဲ့သို့သော ပရီးမီးယားလိဂ်တွင် သက်သေပြထားသည့်ကြယ်ပွင့်များကို ခေါ်ယူသင့်သည်ဟု ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့ အပတ်က တစ်ခုခု ပြောင်းလဲနေပြီလို့ ကျွန်တော်တို့ ထင်ခဲ့တာ။ အသင်းမှာရှိတဲ့ ကစားသမားတွေက မတည်ငြိမ်ကြသေးပါဘူး။ အချို့သော ကစားသမားများတွေက တစ်နေ့မှာ ကောင်းမွန်ကြပြီး နောက်တစ်နေ့တွေဆို မကောင်းတော့ဘူး။ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ တစ်ယောက်တည်းသော ကောင်းတဲ့သူကတော့ စတာလင် ပါပဲ ၊ ကျွန်တော်တို့ သိခဲ့ရတဲ့ ကစားသမားကို ကျွန်တော်တို့ ပြန်တွေ့ခဲ့ပါတယ်။ ကျန်တဲ့ အသင်းဖော်တွေကတော့ အခွင့်အရေးတွေ ဘာမှမဖန်တီး နိုင်ခဲ့ကြပါဘူး ။ ခံစစ်ပိုင်းမှာလည်း အမှားအယွင်းတွေ အများကြီးရှိခဲ့ပါတယ်။ ကိုင်စီဒို အကြောင်း ကျွန်တော် မပြောပါဘူး၊ သူကအခုမှ ရောက်လာတာပါ အသင်းနဲ့ အထိုင်ကျဖို့ အချိန်နည်းနည်းလိုပါတယ်။ တစ်ချို့ကစားသမားတွေက ပြန်နိုးထပြီး အသင်းလိုက်ညီညွတ်မှုတွေကို ပြသဖို့ လိုအပ်ပါတယ်။ ရှုံးခဲ့တဲ့ရလဒ်က ကျွန်တော့်ကို အံ့အားသင့်စေခဲ့တာ မဟုတ်ပါဘူး"

"ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပြီး အဲ့တာကိုပဲ ကျွန်တော် ဆက်ပြောမှာပါ။ ချဲလ်ဆီး အသင်းဟာ အနာဂတ်အတွက် ကောင်းမွန်စေမယ့် နှစ်ရှည်စာချုပ်နဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူနေပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့အဆင်သင့်မဖြစ်သေးဘူး။ ချဲလ်ဆီးက ဝက်ပရောက်စ် ဒါမှမဟုတ် မီထရိုဗစ် တို့လို ကစားသမားတွေအကြောင်း ဘာကြောင့် မစဉ်းစားခဲ့တာလဲ။ ကျွန်တော်မသိပါဘူး၊ သူတို့က ထိပ်တန်းကစားသမားတွေမဟုတ်ပေမယ့် ပေါင်သန်း ၁၀၀ လောက်မကုန်ကျဘဲ ပရီးမီးယားလိဂ်နဲ့ ရင်းနှီးပြီးသားဖြစ်တာကြောင့် အသင်းမှာ ချက်ချင်း ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်။ ဝက်စ်ဟမ်းက ဝက်ပရောက်စ်ကို ခေါ်ယူခဲ့တာကို ကျွန်တော်မြင်လိုက်ရတဲ့အခါ၊ အိုး ဘုရားသခင်၊ ချဲလ်ဆီးက အဲဒီကစားသမားကို ဘာလို့ မစဉ်းစားခဲ့တာလဲ? သူဆိုအသင်းအတွက် အဆင်ပြေမှာပဲလို့ တွေးခဲ့ပါတယ်။ ကျွန်တော် တွေးခဲ့သလိုပဲ သူ့ရဲ့ စွမ်းရည်တွေကို မနေ့ညက ပြသခဲ့ပါတယ်"လို့ လီဘော့ဖ် ကပြောကြားခဲ့ပါတယ်။

#အပြောင်းအရွှေ့ #မီထရိုဗစ် #ဝက်ပရောက်စ် #လီဘော့ဖ်