ရှေ့သို့
Image

ဆော်ဒီမြေရဲ့ အပူချိန်၄၃ ဒီဂရီအောက်မှာ ရေကူးဝတ်စုံဝင်ဆင်ပြီး စွဲမက်ဖွယ်အလှကို ထုတ်ဖော်ပြသခဲ့တဲ့ ရော်နယ်ဒိုရဲ့ချစ်သူ ဂျော်ဂျီနာ

4:29 PM, 21 August

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူဖြစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဟာ ပူပြင်းလှတဲ့ ဆော်ဒီအာရေဗျရဲ့ နေရောင်ခြည်အောက်မှာ ရေကူးဝတ်စုံနဲ့ ဘစ်ကီနီကိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကာ မျှဝေခဲ့တာကြောင့် သူမအ‌နေနဲ့ ဆော်ဒီမြေမှာ ပျော်ရွှင်နေကြောင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ဂျီနာဟာ ရော်နယ်ဒိုဆွတ်ခူးခဲ့တဲ့ ရွှေဖိနပ်ဆုကို ကိုင်ပြီးရိုက်ထားတဲ့ ပုံကိုလည်းဝေမျှခဲ့ပါသေးတယ်။

အသက်-၂၉ နှစ်အရွယ် စပိန်မော်ဒယ်ဟာ အနက်ရောင်နေကာမျက်မှန်နဲ့ ခရမ်းရောင် ရေကူးဝတ်စုံကိုဝတ်ဆင်ပြီး ရီယာ့ဒ်မှာ အေးအေးလူလူအနားယူနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ဂျီနာဟာ အိမ်ထဲမှာရှိနေတဲ့ ရော်နယ်ဒိုနဲ့ သူတို့ရဲ့ကလေးတွေရဲ့ပုံတွေကို ရိုက်ယူပြီး "အိမ်" ဆိုတဲ့ခေါင်းစဉ်နဲ့မျှဝေခဲ့ပါသေးတယ်။ ဂျော်ဂျီနာဟာ အဆိုပါဓာတ်ပုံများကို ဖော်လိုဝါ သန်း ၅၀ ကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်မှတစ်ဆင့်ဝေမျှခဲ့ရာ ပရိသတ်တစ်ယောက်က "မက်ဆီက ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်‌ဒိုကတော့ တစ်ကမ္ဘာလုံးကိုအနိုင်ရရှိခဲ့တာပါ"လို့ မှတ်ချက်ပေးထားတာတွေ့ရှိခဲ့ပါတယ်။


ဓာတ်ပုံထဲမှာ ပြီးခဲ့တဲ့အပတ်က အယ်လ်နာဆာကို ပထမဆုံးအကြိမ် အာရပ်ကလပ်ချန်ပီယံဆုဖလားကို ဆွတ်ခူးပေးခဲ့တဲ့ အသက်-၃၈ နှစ်အရွယ် ရော်နယ်ဒိုကို ပီတိအပြုံးနဲ့အတူ မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ယခုနွေရာသီမှ အယ်လ်နာဆာသို့အသစ်ရောက်ရှိလာခဲ့တဲ့ ဆာဒီယိုမာနေး၊ ဆီကိုဖိုဖာမာနဲ့ မာဆယ်လို ဘရိုဇိုဗစ်တို့ကလည်း အသင်းရဲ့ဆု‌ဖလားသို့ လမ်းကြောင်း‌ကို ဖြောင့်ဖြူးစေရန် အကောင်းဆုံးပံ့ပို့ပေးခဲ့ကြသူများဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန် ၁၁၅ မိနစ်မှာ ရော်နယ်ဒိုဟာ ဒါဏ်ရာရရှိကာ လူစားလဲခံခဲ့ရပြီး ထမ်းစင်ပေါ်မှာ ငိုနေခဲ့သော်လည်း ယခုအခါမှာတော့ ပြန်လည်ကောင်းမွန်လာတဲ့ ပုံပေါ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျော်နီနာတို့ အတူတူရှိနေတဲ့ပုံကို ဝေမျှထားတဲ့ ပုံအောက်မှာ ပရိသတ်တစ်ယောက်က" သူတို့ ဆော်ဒီအာရေဗျမှာ ပျော်နေပြီထင်တယ်" လို့မှတ်ချက်ပေးခဲ့ပြီး နောက်တစ်ယောက်ကလည်း "ချစ်စရာ စုံတွဲလေး"လို့မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဆော်ဒီပရိုလိဂ်မှာ အယ်လ် အစ်တီဟက်ဟာ ဒုတိယနေရာသာရပ်တည်ခဲ့ရပြီး ယခုရာသီမှာ ပိုမိုကောင်းမွန်လာရန်အားဖြည့်လာတာကြောင့် ရော်နယ်ဒိုအနေနဲ့ ဒီတစ်ကြိမ်မှာထပ်မံအနိုင်ရဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။

ဆော်ဒီအာရေဗျဟာ ၂၀၂၂-၂၃ အတွင်း ဘောလုံးအသိုင်းအဝိုင်းမှာ  နာမည်ကျော်ကြားလာခဲ့ပြီး ယခုအခါ ဥရောပတစ်ဝှမ်းမှ စူပါစတားဘောလုံးသမားများကို ကြီးမားတဲ့ လုပ်ခလစာနဲ့ဆွဲဆောင်ကာ ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မကြာမီအချိန်အတွင်းမှာပဲ ဘန်ဇီမာ၊ ကန်တေ၊ မာရက်ဇ် နဲ့ ‌ဟန်ဒါဆန်တို့ ဆော်ဒီပရိုလိဂ်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

#ရော်နယ်ဒို #ဂျော်ဂျီနာ #gossip