ရှေ့သို့
Image

ပြီးပြည့်စုံတဲ့ အလှကိုပိုင်ဆိုင်ထားတဲ့ ဒယ်လီအလီရဲ့ ချစ်သူ စင်ဒီကင်မ်ဘာလီ

2:40 PM, 21 August

အင်္ဂလန်ကစားသမား ဒယ်လီအလီရဲ့ချစ်သူဖြစ်တဲ့ စင်ဒီကင်မ်ဘာလီဟာ ရေကူးဝတ်စုံကို ဝတ်ဆင်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းအောင် ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်မှတဆင့် ဝေမျှခဲ့ရာ ပရိသတ်များက ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လို့ ချီးကျူးထောပနာပြုခဲ့ကြတာဖြစ်ပါတယ်။

ဒယ်လီအလီကလည်း ပေါ်ပြူလာဖြစ်နေတဲ့ အဆိုပါ အင်စတာဂရမ်ပို့စ်အောက်မှာ အသည်းပုံအီမိုဂျီနဲ့ မှတ်ချက်ပေပြီး  စင်ဒီအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ ဓာတ်ပုံတွေထဲမှာ စင်ဒီဟာ တောက်ပတဲ့နေရောင်ခြည်ရဲ့နွေးထွေးမှုအောက်မှာ အနက်ရောင်ဘစ်ကီနီကိုဝတ်ဆင်ပြီး စိတ်ကူးယဉ်ချင်လောက်စရာ အလှကို ပြတ်ပြတ်ထင်ထင်ပဲ ဖော်ပြထားတာဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံထဲမှာ သူမဟာ လှေတစ်စီးရဲ့ကြမ်းပြင်ပေါ်မှာ လဲလျောင်းကာ ကိုယ်ဟန်ပြနေပြီး နောက်တစ်ပုံမှာ‌တော့ လက်ထဲမှာဖန်ခွက်တစ်ခုကို ကိုင်ထားပြီး ကင်မရာဘက်ကို အနမ်းပေးနေတဲ့ဟန် ရိုက်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေထံ ပင်လယ်စာဟင်းလျာတွေကို ရက်ရက်ရောရော မျှဝေခဲ့တဲ့ စင်ဒီဟာ ကမ်းခြေပေါ်မှာ ရိုက်ထားတဲ့ သူမရဲ့ ခပ်မိုက်မိုက်ဓာတ်ပုံတွေကိုမျှဝေဖို့လည်း ဝန်မလေးခဲ့ပါဘူး။ အဆိုပါ ဓာတ်ပုံတွေကို ဖော်လိုဝါ ၇ ဒဿမ ၁ သန်းရှိတဲ့ စင်ဒီရဲ့အကောင့်မှတစ်ဆင့်ဝေမျှခဲ့ရာ ၁၄ နာရီအကြာမှာပဲ လိုက်ခ် ၄ သိန်းကျော်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကလည်း "အရမ်းလှတယ်" "ပြီးပြည့်စုံတဲ့အလှပဲ"  "အရမ်းမြတ်နိုးသွားပြီ" စသည်ဖြင့် စင်ဒီရဲ့အလှကို ချီးကျူးပြောဆိုခဲ့ကြပြီး ပရိသတ်တစ်ယောက်ကဆိုရင် "ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိပေမယ့် ငါဖမ်းချင်တဲ့ငါးကတော့ မင်းပါပဲ" လို့မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယောက်ျားလေးတွေအကြားမှာ ရေပန်းစားနေတဲ့ နာမည်ကြီး မီယာ ကာလီဖာကလည်း "ဘုရားရေ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မကြာသေးမီကလည်း မော်ဒယ်စင်ဒီဟာ သူမရဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပန်းရောင်ဝတ်စုံကိုဝတ်ဆင်ကာ ဝေမျှခဲ့ပြီး ပရိသတ်များကို ဆွံ့အစေခဲ့သူဖြစ်ပါတယ်။ နွေရာသီအစောပိုင်းတုန်းကလည်း သူမဟာ True Romance ရုပ်ရှင်ထဲကအတိုင်း အဖြူရောင်ဘစ်ကီနီနဲ့ ပန်းရောင် အပေါ်အင်္ကျီကိုဝတ်ဆင်ထားတဲ့ ဓာတ်ပုံများကိုဝေမျှခဲ့တာဖြစ်ပါတယ်။

#အင်္ဂလန် #ဒယ်လီ အလီ #gossip #စင်ဒီကင်မ်ဘာလီ