ရှေ့သို့
Image

ပက်ဒရီ၊ ဖာရန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ကာဒီဇ်ကို အနိုင်ကစားနိုင်ခဲ့တဲ့ ဘာစီလိုနာ

12:36 PM, 21 August

လာလီဂါ ချန်ပီယံဆုအား ကွာကွယ်ခွင့်ရရေးအတွက်  ဂန်ဒိုဂန်၊ မာတီနက်ဇ်၊ ရိုမီယိုတို့အား ခေါ်ယူကာ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တဲ့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လာလီဂါ ဒုတိယမြောက်ပွဲစဉ်တွင် ကာဒီဇ်အသင်းကို ပက်ဒရီ၊ ဖာရန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

အိုလံပစ်အားကစားကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်တွင် ပက်ဒရီ၊ ဂန်ဒိုဂန်တို့ပါဝင်တဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ပိုင်းက ပြိုင်ဘက် ကာဒဇ်အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး အခွင့် အရေးတွေ ဖန်တီးကာ ရလဒ်ကောင်းဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာဒီဇ်အသင်းရဲ့ ကစားပုံကလည်း ကောင်းမွန်နေတာကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ပွဲချိန် အစောပိုင်းတစ်လျှောက် ဂိုးရရန် ရုန်းကန်နေခဲ့ရသေးပြီး ပွဲကစားချိန် မိနစ် ၈၀ နှောင်းပိုင်းတွင် ပက်ဒရီ၊ ဖာရန်တောရက်စ်တို့က အနိုင် ၃မှတ်အတွက် အဖိုးတန် ဦးဆောင်ဂိုးတွေကို အချိန်မီသွင်းယူပေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ကာဒဇ်အသင်းကို ၂ဂိုး - ၀ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားခဲ့တဲ့ ဂျာမနီစတား ဂန်ဒိုဂန်ကလည်း ကွင်းလယ်တိုက်စစ် တစ်ကြောတွင် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် စတားတွေဖြစ်တဲ့ ပက်ဒရီ၊ လာမိုင်းယာမယ်လ်တို့နဲ့အတူ လုပ်အားနှုန်းအကောင်းဆုံး ကစားသမား သတ်မှတ်ချက်တွင် ၈/၁၀ ဖော်ပြခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဂိုးသမား တာစတီဂျန် က ၆/၁၀၊ ရိုမီယူက ၆/၁၀ နဲ့ အဓိက တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက အနည်းဆုံးဖြစ်တဲ့ ၅/၁၀ သာသတ်မှတ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကာဒီဇ် #ဖာရန်တောရက်စ် #ပက်ဒရီ