ရှေ့သို့
Image

လူကာကူအနေနဲ့ ချဲလ်ဆီးသို့ ပြန်လာမှာ မဟုတ်ပါဘူးလို့ ပြောကြားလိုက်တဲ့ ပိုချက်တီနို

11:27 AM, 21 August

အပြောင်းအရွှေ့မပိတ်ခင်အချိန်အထိ လူကာကူက ချဲလ်ဆီးအတွက် ပွဲထွက်ကစားမှာမဟုတ်ပါဘူးလို့ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

လူကာကူဟာ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာကြောင့် သူ့ဘာသာသူ လေ့ကျင့်နေပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမားဟာ ဂျူဗင်တပ်စ်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ မျှော်လင့်ထားပေမယ့် စီးရီးအေကလပ်ဟာ ပြောင်းရွှေ့ကြေးအတွက် ချဲလ်ဆီးနဲ့ သဘောတူညီမှု မရရှိထားသလို တိုက်စစ်မှူးရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုပါ ခံနေရတာဖြစ်ပါတယ်။

ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ခြင်းဟာ လူကာကူအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပြီး သူ့ရဲ့အနာဂတ် အတွက် ရှင်းလင်းမှုမရှိမချင်း ချဲလ်ဆီးအသင်းတွင် ပြန်လည်ပူးပေါင်းမှာမဟုတ်ကြောင်း ပိုချက်တီနိုက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

လူကာကူအနေနဲ့ ဒီနွေရာသီမှာ ချဲလ်ဆီးကနေ မပြောင်းရွှေ့ဖြစ်ခဲ့ဘူးဆိုရင် ပြန်ကစားနိုင်မလားလို့ မေးမြန်းရာမှာ ပိုချက်တီနိုက "ဒါက တစ်ဖက်တည်းမဟုတ်ပါဘူး၊ အကောင်းဆုံးအဖြေကို ရှာဖို့ နှစ်ဖက်စလုံးက လိုအပ်နေပါတယ်" "ကလပ်အပေါ်သာ မူတည်တယ်လို့ ပြောလို့မရပါဘူး။ နှစ်ဖက်စလုံးနဲ့ သက်ဆိုင်ပါတယ်။ အခြေအနေက နှစ်ဖက်စလုံးကြောင့် ဖြစ်တာပါ။ နှစ်ဘက်စလုံးက သဘောတူညီချက်တစ်ခု ရရှိရမှာပါ" "ကစားသမားတိုင်းရဲ့ အခြေအနေကို လက်မှတ်မထိုးခင်မှာ ကျွန်တော်တို့ အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်တို့ လက်မှတ် ရေးထိုးပြီးတဲ့ နောက်မှာ ကျွန်တော်တို့ရဲ့ အသင်းသားဖြစ်သွားပါပြီ" "ဘာမှမပြောင်းလဲဘူးဆိုတာ ရှင်းပါတယ်၊ အကြောင်းကြားစရာရှိရင် အကြောင်းကြားမယ်။ ကျွန်တော်တို့အတွက် ဘာမှလုပ်စရာမရှိပါဘူး။ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အသင်းအပေါ်ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်" "ချဲလ်ဆီးသို့ မရောက်လာခင်ကတည်းက ရှင်းလင်းသိသာတဲ့ အခြေအနေတစ်ခုအတွက် ကျွန်တော်တို့ စွမ်းအားကို အသုံးမချနိုင်ပါဘူး" လို့ ပြောပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #လူကာကူ #ပိုချက်တီနို