ရှေ့သို့
Image

ပေါင် ၄၆ သန်းဖြင့် ဖူလ်ဟမ်မှ အယ်ဟီလယ်သို့ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး မီထရိုဗစ်

5:26 PM, 20 August

ဖူလ်ဟမ်နှင့် ဆားဘီးယားတိုက်စစ်မှူး မီထရိုဗစ်သည် ဆော်ဒီပရိုလိဂ်ရှိ အယ်ဟီလယ်သို့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် အဆိုပါကစားသမားအတွက် ဖူလ်ဟမ်သည် နွေရာသီအစောပိုင်းက ကမ်းလှမ်းမှုနှစ်ခုကို ပယ်ချခံခဲ့ရပြီး ဒုတိယတစ်ခုမှာ ပေါင် ၃၅ သန်းဝန်းကျင်တန်ကြေးရှိကြောင်းသိရပါတယ်။

အယ်ဟီလယ် ယခုအခါ အဆိုပါကစားသမားအတွက် အတားအဆီးမရှိခဲ့ဘဲ ပေါင် ၄၆ သန်းဝန်းကျင်ဖြင့် ခေါ်ယူရန် မျှော်လင့်ထားပြီး တစ်ချိန်တည်းတွင်ပင် နေမာကို ပီအက်စ်ဂျီမှ ပေါင် ၇၇ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

မီထရိုဗစ်သည် စနေနေ့က လန်ဒန်ဒါဘီပွဲအတွက် ဘရန့်ဖို့ဒ်နှင့် ကစားမည့်ပွဲစဉ်တွင် အမည်စာရင်းမပါဝင်ခဲ့ကြောင်းသိရပါတယ်။

မန်နေဂျာ မာကိုဆေးလ်ဗားက ပြီးခဲ့သော သီတင်းပတ်က အဲဗာတန်နှင့်ပွဲတွင် အသေးစားခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းမှာ အကြောင်းရင်းဖြစ်သည်ဟု ဆိုသော်လည်း မီထရိုဗစ်၏ ရေရှည်အနာဂတ်အတွက် မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က မာကိုဆေးလ်ဗားက အဆိုပါ ကစားသမားသည် ဖူလ်ဟမ်တွင် အမြဲတမ်းရှိသွားမည်ဖြစ်ကြောင်းနှင့်  ၁၀၀ ရာခိုင်နှုန်း ကတိကဝတ်ပြုထားကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်သည် ပြီးခဲ့သည့်ရာသီက အဆင့် ၁၀ ဖြင့် ပြီးဆုံးအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့်  မာကိုဆေးလ်ဗားသည် ၎င်း၏ ကစားသမားများအား အသင်းကြီးများထံမှ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့ များကို ပြုလုပ်နိုင်ခဲ့ပါတယ်။

"ကျွန်ုပ်တို့ရရှိခဲ့တဲ့ရာသီရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအတွက် ကလပ်အသင်းအနေနဲ့ အဆင်သင့်ဖြစ်နေရပါမယ်။ တကယ်လို့ ကျွန်တော်တို့ လုပ်ခဲ့သလိုပဲ၊ ဘယ်သူမှ မမျှော်လင့်ထားတဲ့ တစ်ခုခုကို လုပ်ရင် ကောင်းတာပေါ့၊ ဒီကလပ်က အရင်ကထက် ကစားသမားတွေဆီ ကမ်းလှမ်းမှုတွေ ပိုရလာနိုင်တယ်။"လို့ မာကိုဆေးလ်ဗားက ပြောခဲ့ပါတယ်။

#မီထရိုဗစ် #ဖူလ်ဟမ် အယ်ဟီလယ်