တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်ကို ကလေးတစ်ယောက်လို့ သရော်ခဲ့တဲ့ ရွိုင်ကိန်း
1:26 PM, 20 August
ယူနိုက်တက်စတားဟောင်း ရွိုင်ကိန်းက တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြီးခဲ့တဲ့ရာသီတုန်းက ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ကလေးတစ်ယောက်လို့ သရော်လိုက်ပါတယ်။
အင်္ဂလန်သားဟာ အပြောင်းအရွှေ့သတင်းတွေထွက်ခဲ့ပေမယ့် အခုနွေရာသီမှာ ကာလရှည်စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် ဟွိုက်လန်းကို ထပ်မံခေါ်ယူထားခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ရက်ရှ်ဖို့ဒ်ကပဲ ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်လာခဲ့ရတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပထမပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် အခြားအသင်းဖော်တွေက စွမ်းဆောင်ရည်ကျဆင်းခဲ့ကာ ဒုတိယပိုင်းမှာ ကိန်းကို ပိုပြီးစိတ်ပျက်စေခဲ့ပါတယ်။
“ရက်ရှ်ဖို့ဒ်က ကွင်းလယ်ထိဆင်းကစားရပပါတယ်။ သူ့ကိုကြည့်ရတာ ကလေးတစ်ယောက်နဲ့ဆင်တူပါတယ်။ သူထိချက်အနည်းငယ်နဲ့ ကွင်းလယ်ကနေဖြတ်ပြီး မကစားချင်ပါဘူး။ ဒါပေမယ့်လည်း အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
ကိန်းက ယူနိုက်တက်တစ်သင်းလုံးရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး တော့တင်ဟမ်နည်းပြသစ် ပိုစတီကိုဂလူက အသင်းပရိသတ်အသစ်တွေရှေ့မှာ ပထမဆုံးအကြိမ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
“အဲ့တာက ကောင်းပါတယ်။ အစပိုင်းမှာကြည့်လိုက်ချိန်မှာ အနည်းငယ်တော့ စိတ်ပျက်မိပါတယ်။ အဲ့တာက အံ့သြဖို့တော့ မကောင်းပါဘူး။ ကျွန်တော်တို့မှာ အသက် ၂၀ အရွယ်ကစားသမား ၂ ဦး နဲ့ ၂၂ နှစ်အရွယ်တွေအများကြီးရှိနေပါတယ်။
ဘောလုံးကိုအဝေးကိုပဲပေးနေမိတယ်လို့ ကျွန်တော်တွေးမိပါတယ်။ ပြီးတော့ ယူနိုက်တက်အနေနဲ့ အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ အချက်အလက်တွေ နဲ့ ပွဲအတွင်းစွမ်းဆောင်ရည်ကို ကျွန်တော်ကြိုက်ပါတယ်။
ဒုတိယပိုင်းမှာ အခြေအနေတော်တော်ဆိုးပါတယ်။ ကျွန်တော်ပြောသလို အကြာကြီးသွားဖို့ကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်သူတို့ရဲ့ယုံကြည်မှု နဲ့ ရဲရင့်မှုကို ကြိုက်ပါတယ်။
ကျွန်တော့်အမြင်အရဆိုရင် တော့တင်ဟမ်က လူငယ်တွေနဲ့တည်ဆောက်တာဖြစ်ပြီး အတွေ့အကြုံပြည့်ဝတဲ့ ဆွန်ဟောင်မင် နဲ့ မက်ဒီဆင်တို့ိကိုရံပြီး ကစားကွက်တည်ခဲ့ပါတယ်။
ပြီးတော့ တော့တင်ဟမ်ပရိသတ်တွေရဲ့အားပေးမှုက တကယ့်ကိုပြောင်မြောက်ပါတယ်။ ဝီစီစမှုတ်ကတည်းက တကယ့်ကိုအားတက်သရောအားပေးကြတာပါ။ ဒီနေ့ပွဲအတွက် ကျွန်တော်ပျော်ပါတယ်”လို့ ကိန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ရွိုင်ကိန်း #ပရီးမီးယားလိဂ်