ရှေ့သို့
Image

ချဲလ်ဆီးမှာ နေရာရဖွယ်မရှိတဲ့ အာမန်ဒိုဘရိုဂျာကို ခေါ်ယူရေးလုပ်ဆောင်လာနိုင်တဲ့ နည်းပြ မော်ရင်ဟိုရဲ့ ရိုးမား

1:04 PM, 19 August

ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့အပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ရင်း ဆုဖလားတွေနဲ့ အတူ ဝေဖန်သံတွေပါ ရောထွေး ကြုံတွေ့ခဲ့ရတဲ့ ရိုးမားအသင်းရဲ့ နည်းပြမော်ရင်ဟိုက ရောမအခြေစိုက်ကလပ် နဲ့အတူ အောင်မြင်မှုအချို့ရယူပြလာနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းတွင် ပွဲထွက်ခွင့် မသေချာတဲ့ တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဂျာကို ခေါ်ယူရေး ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပုံစံကောင်းပြသကာ ဥရောပ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွင် အစဉ်အလာကြီးမားတဲ့ ဆီဗီလာအသင်းကို အရေးနိမ့်ကာ နှစ်နှစ်ဆက် ဥရောပပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက ကွင်းလယ်ပိုင်းအတွက် အားစိုက်ပြင်ဆင်နေပြီး အင်တာမီလန်အသင်းကနေ ဆာဆူအိုလိုအသင်းကို အငှားသွားရောက်ကစားနေတဲ့ ဒါဗစ်ဒီ ဖရက်တီစီ ကို ခေါ်ယူရန် အားထုတ်နေရာမှာ အခက်အခဲအချို့ကြုံတွေ့နေရသလို တိုက်စစ်ပိုင်းအတွက်လည်း ကော့ဟမ်း အကယ်ဒအမီထွက် တိုက်စစ်ကစားသမားကို ချိန်ရွယ်လာတာ ဖြစ်ပါတယ်။

ဖရက်တီစီအတွက် ရိုမားအသင်းက စိတ်ဝင်စားမှု မြင့်တက်နေပေမဲ့ အင်တာမီလန်အသင်းက ရောင်းချရန် ငြင်းပယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းအတွက် ရိုးမားအသင်း ပစ်မှတ်ထားချိန်ရွယ်လာတဲ့ အသက် ၂၁ နှစ်အရွယ် အလားအလာကောင်း ပိုင်ဆိုင်ထားတဲ့ ဘရိုဂျာကို ချဲလ်ဆီးအသင်းက အပြီးရောင်းချရန် စိတ်အားထက်သန်မှု မရှိတာလည်း ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟိုအနေဖြင့် ရိုမားအသင်းရဲ့ တိုက်စစ်ပိုင်းတွင် အဓိကအားထားနေရတဲ့ အေဗရာဟမ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ကစားသမားရှာဖွေနေရတာဖြစ်ပြီး ချဲလ်ဆီးအသင်းက ဘရိုဂျာကို မရောင်းချခဲ့ပါက အတ္တလန္တာတိုက်စစ်ကစားသမား ဒူဗန်ဇက်ပါတာ ကို ပြောင်းလဲချိန်ရွယ်လာနိုင်တာပဲ ဖြစ်ပါတယ်။

#ရိုးမား #ချဲလ်ဆီး #အပြောင်းအရွှေ့ #မော်ရင်ဟို #ဘရိုဂျာ