ရှေ့သို့
Image

လီဗာပူးကို ကျော်ဖြတ်ပြီး ချဲလ်ဆီးကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာကို ရှင်းပြလိုက်တဲ့ လီဗီယာ

12:03 PM, 19 August

ဆောက်သမ်တန်အသင်းကနေ ပေါင် ၅၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် လီဗီယာက လီဗာပူးအစား ချဲလ်ဆီးကိုပြောင်းရွှေ့ခဲ့တဲ့နောက်ကွယ်က အကြောင်းပြချက်ကို ရှင်းပြလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ သောကြာနေ့ မနက်ခင်းတုန်းက ဆောက်သမ်တန်ထံကနေ လီဗီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၁၉ နှစ်သားဟာ ဆောက်သမ်တန်တန်းဆင်းခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ ၇ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက အစောပိုင်းတုန်းက လီဗီယာကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်ခဲ့သလို ဆောက်သမ်တန်ကလည်း လီဗာပူးကမ်းလှမ်းတဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက လီဗာပူးနည်းတူ ကမ်းလှမ်းခဲ့ပြီး ကိုင်စီဒိုကိုလည်း ဘရိုက်တန်ထံကနေ ခေါ်ယူနိုင်ခဲ့သလို လီဗီယာကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ လီဗီယာက “ချဲလ်ဆီးရဲ့ပရောဂျက်မှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရလို့ အရမ်းပျော်မိပါတယ်။ ဒီအသင်းက ကောင်းမွန်တဲ့သမိုင်းကြောင်းရှိတဲ့ အံ့ဖွယ်အသင်းပါ။ သူတို့နဲ့အတူ ကစားခွင့်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ အသင်းဖော်အသစ်တွေနဲ့ စောင့်ဆိုင်းခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အောင်မြင်မှုတွေရယူနိုင်ဖို့ အတူတကွပေါင်းစည်းမှုတည်ဆောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အသင်းကိုပြောင်းလာခဲ့ရတဲ့ အဓိကအချက်တွေက ပရောဂျက်နဲ့ ရည်မှန်းချက်ကြောင့် ပြောင်းလာခဲ့တာပါ။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အချိန်ပါ။ အသင်းမှာရှိတဲ့ ကစားသမားတော်တော်များများနဲ့ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့နဲ့အတူ ပြောင်းလာခွင့်ရတဲ့ခံစားချက်က ကောင်းပါတယ်”လို့ လီဗီယာက ပြောကြားခဲ့ပါတယ်။

လီဗီယာဟာ ပိုချက်တီနိုရဲ့နောက်ဆုံးခေါ်ယူမှုဖြစ်လာခဲ့ပြီး ယခင်က အန်ကူကူ ၊ နီကိုလက်စ်ဂျက်ဆင် ၊ ရောဘတ်ဆန်းချက် ၊ ကိုင်စီဒိုတို့ကိုခေါ်ယူထားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အဖွင့်ပွဲမှာ လီဗာပူးအသင်းကို ၁-၁ သရေကန်နိုင်ခဲ့ပြီး လာမယ့်အပတ်မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအားကစားဒါရိုက်တာ စတီးဝက်တ် နဲ့ ပေါလ်ဝင်စတန်လေတို့ကတော့ လီဗီယာကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗီယာကတော့ ချဲလ်ဆီးကိုပြောင်းရွှေ့ပြီးနောက် အင်စတာဂရမ်မှာ “သတ်မှတ်ထားတဲ့အောင်မြင်မှုမရခဲ့ပေမယ့် မင်းတို့အားလုံးကို ချစ်နေမှာပါ။ ဒီအသင်းကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”လို့ လီဗီယာက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #အပြောင်းအရွှေ့ #လီဗီယာ