ရှေ့သို့
Image

နေမာရဲ့ ကျောနံပါတ်ကို ဝတ်ဆင်ကာ လီဂူးဝမ်းပွဲစဉ်တွေမှာ အပီအပြင် ကြမ်းတော့မယ့် ဒမ်ဘီလီ

4:05 PM, 18 August

ပီအက်စ်ဂျီအသင်းက ပြည်တွင်းလိဂ်ပြိုင်ပွဲအတွင်း အမှတ်ပေးချန်ပီယံဆုကို ဆက်တိုက် ဆိုသလို ရယူထားနိုင်ပေမဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစီးစွာ ထွက်ခွာခဲ့ရအပြီးမှာ ကလပ်အသင်းပြောင်းရွှေ့ ကစားရန် တာစူနေတဲ့ အမ်ဘာပေကို ပွဲထွက်ခွင့်ချန်လှပ်ထားခဲ့ပြီး အစားထိုးခေါ်ယူထားခဲ့တဲ့ ဒမ်ဘီလီကို ရော်နယ်ဒင်ဟို၊ အီဗရာဟီမိုဗစ်နဲ့ နေမာတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဝတ်ဆင်စေမှာပဲ ဖြစ်ပါတယ်။

ပြင်သစ်လီဂူဝမ်းချန်ပီယံအသင်းနဲ့ ဘာပေရဲ့ စာချုပ်က လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပြီး ကစားသမားက စာချုပ်သက်တမ်းထပ်တိုးရန် ဆန္ဒမရှိနေတာကြောင့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်တောင်ပံတွင် အားထားနေရတဲ့ အူစမာနီဒမ်ဘီလီကို စာချုပ်ပါ အတိုင်း စာချုပ် လျော်ကြေးယူရိုသန်း ၅၀ဖြင့် ခေါ်ယူရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘာပေရဲ့ နေရာအတွက် ဒမ်ဘီလီကို ခေါ်ယူရေး အားစိုက်လုပ်ဆောင်နေပြီး ကစားသမားက ပဲရစ်မြို့တွင် ရောက်နေချိန် ဆေးစစ်ရန် စီစဉ်နေပေမဲ့ ဘာစီလိုနာအသင်းဘက်က တရားဝင် စာမပြန်ခဲ့တာကြောင့် အပြောင်းအရွှေ့ ကြံ့ကြာမှုကိစ္စပေါ်ပေါက်ခဲ့သေးတာလည်း ဖြစ်ပါတယ်။

ဆော်ဒီလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်အာလီအသင်းက ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ပိုမို မြင့်မားစွာပေးချေမှာ ဖြစ်သလို ကစားသမားအတွက်လည်း တစ်နှစ်လုပ်ခ ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းရန် စီစဉ်နေခဲ့ပေမဲ့ ကစားသမားက ပဲရစ်ကလပ်တွင်သာ သွားရောက်ကစားရန် စိတ်အားထက်သန်နေတာကြောင့် ပီအက်စ်ဂျီအသင်းက အရဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဓိက တိုက်စစ်ကစားသမား အမ်ဘာပေရဲ့ နေရာအတွက် အားကိုးတစ်ကြီး ခေါ်ယူထားခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီအနေဖြင့် ပီအက်စ်ဂျီအသင်း အတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ရှေ့လာမယ့် လီဂူးဝမ်း ပွဲစဉ် ၂ဖြစ်တဲ့ တူးလော့အသင်းနဲ့ ပွဲစဉ်တွင် ကျောနံပါတ် ၁၀ ဝတ်ဆင်ရင်း ပါဝင်ခွင့်ရလာနိုင်တာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #ဒမ်ဘီလီ #လီဂူးဝမ်း #နေမာ