ရှေ့သို့
Image

ဂိုးသမားနေရာအတွက် ဒီဂီယာကို မရတာကြောင့် အော်တီဂါကို ခေါ်ယူရန်ကြိုးစားပေမဲ့ မန်စီးတီးရဲ့ ပယ်ချခြင်းခဲ့လိုက်ရတဲ့ ဘိုင်ယန်

2:33 PM, 18 August

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ဥရောပ ပြိုင်ပွဲအတွင်း ပုံစံကောင်းရရန် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာကို စာချုပ်သက်တမ်းတိုးခဲ့ခြင်း မရှိတာကြောင့် အသင်းလက်မဲ့ဖြစ်နေချိန် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူရန် ကြိုးစားရာမှာ အဆင်မပြေတာကြောင့် အခြားပစ်မှတ် ကစားသမား ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ရဲ့ အဆိုအရ ယူနိုက်တက်အသင်းက ဒီဂီယာကို စာချုပ် သက်တမ်းတိုးရန် ပြင်ဆင်နေခဲ့တာမှန်ပေမဲ့ ထပ်မံကမ်းလှမ်းရန် ပြင်ဆင်ထားတဲ့ စာချုပ်တွင် မူလကမ်းလှမ်းချက်ထက် လစာကို လျော့ချကမ်းလှမ်းခဲ့တာကြောင့် သဘောတူညီမှု မရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အဓိက ဂိုးသမားနူအာရဲ့ ကြံ့ခိုင်မှုအားနည်းတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရချိန် ခေါ်ယူထားခဲ့တဲ့ ယန်းဆွမ်မာကို အင်တာမီလန်အသင်းကို ရောင်းချကာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်ဂိုးသမား ဒီဂီယာကို စာချုပ် ချုပ်ဆိုသွားရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဂျာမန်အင်အားကြီးကလပ်အသင်းအပြင် အဓိက ဂိုးသမား အိုနာနာကို ရောင်းချထားရတဲ့ နည်းပြ အင်ဇာဂီရဲ့ အင်တာမီလန်အသင်းကလည်း ဝါရင့်ဂိုးသမား ဒီဂီယာကို ခေါ်ယူအားဖြည့်ရန် ကြိုးစားခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဒီဂီယာအပြင် မန်စီးတီးအသင်းရဲ့ အရန်ဂိုးသမား အော်တီဂါကိုပါ ခေါ်ယူရန် ကြိုးပမ်းနေခဲ့ပေမဲ့ နည်းပြ ပက်ဂွာဒီယိုလာရဲ့ ကလပ်အသင်းဘက်က ပယ်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါချန်ပီယံ ကလပ်အသင်းအနေဖြင့် ဂိုးသမားနေရာအတွက် အဓိက ရှာဖွေနေပြီး အော်တီဂါအတွက် မန်စီးတီးအသင်းက ပယ်ချလိုက်တာကြောင့် မက္ကာဘီတယ်လ်အက်ဗီအသင်းရဲ့ ဂိုးသမား ဒန်နီယယ်ပီရက်ဇ်ကို ခေါ်ယူရန် ဦးလှည့်ခဲ့တာလည်း ဖြစ်ပါတယ်။

ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာအနေဖြင့် အပြောင်းအရွှေ့ကာလပိတ်သိမ်းမယ့် စက်တင်ဘာ ၁ရက်နေ့ မတိုင်မီ ကလပ်အသင်းရှာဖွေနေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အပြောင်းအရွှေ့ #အော်တီဂါ