ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်အသင်းက စိတ်မဝင်စားတော့တာကြောင့် အသင်းသစ်ရှာဖွေနေရတဲ့ ဒီဂီယာ

1:24 PM, 18 August

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဂီယာကို ခေါ်ယူတော့မှာမဟုတ်ပဲ အစ္စရေးဂိုးသမား ဒန်နီရယ်ပီရက်ဇ်ကို အစားထိုးခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။

အသက် ၃၂ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ယူနိုက်တက်က အိုနာနာနဲ့ အစားထိုးခဲ့ပါတယ်။ ဒီဂီယာဟာ အလွတ်နဲ့ ခေါ်ယူလို့ရနိုင်တာဖြစ်ပေမယ့် ရီးရဲလ်အသင်းကလည်း မခေါ်ယူခဲ့သလို ဘိုင်ယန်ကလည်း မခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီဂီယာနဲ့ ဘိုင်ယန်တို့ကြား ဆွေးနွေးမှုတွေရှိခဲ့သလို ဂျာမန်မြေကိုပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စကိုင်းဂျာမနီသတင်းဌာနကတော့ ဘိုင်ယန်ဟာ မက္ကာဘီတဲလ်အဗစ်ဂိုးသမား ပီရက်ဇ်ကို အစားထိုးခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ ၂ ရာာသီအတွင်း အသင်းအတွက် ဦးစားပေး ဂိုးသမားဖြစ်လာခဲ့ပြီး အစ္စရေးအတွက် ၁ ပွဲ ပါဝင်ကစားခွင့်ရရှိထားခဲ့ပါတယ်။ နူအာက ဘိုင်ယန်ဂိုးပေါက်မှာ ဦးစားပေးဂိုးသမားအဖြစ် ရှိနေမှာဖြစ်ပေမယ့် ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက်နားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါချန်ပီယံဟာ မန်စီးတီးဂိုးသမား အိုတီကာကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် စီးတီးဘက်က လက်မလွှတ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဂီယာအနေနဲ့ အပြောင်းအရွှေ့မပိတ်ခင်မှာ အခြားအသင်းသစ်တစ်သင်းကို အစားထိုးရှာဖွေရဖွယ်ရရှိနေပါတယ်။

#ဒီဂီယာ #အပြောင်းအရွှေ့ #ပီရက်ဇ် #ဘိုင်ယန်မြူးနစ်