ရှေ့သို့
Image

ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲ မတိုင်မီ ဂျီးဆပ်နှင့် ဇင်ချန်ကိုတို့၏ အခြေအနေများကို ပရိသတ်ထံ အသိပေးခဲ့တဲ့ အာတီတာ

11:38 AM, 18 August

အာဆင်နယ်နည်းပြ အာတီတာက ၎င်း၏နောက်ခံလူ ဇင်ချန်ကိုဟာ ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းထံပြန်လည်ရောက်ရှိလာဖို့ အလွန်နီးစပ်နေပြီဖြစ်ပေမယ့် လတ်တလောအချိန်မှာ ဂျီးဆပ်အနေဖြင့် ပါဝင်နိုင်ရန်မရှိကြောင်းပြောကြားခဲ့ပါတယ်။

ဇင်ချန်ကိုသည် မေလတွင် ရရှိခဲ့သော ခြေသလုံးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဂန်းနားတို့၏ ပရီးမီးယားလိဂ်ပွဲစဉ် ၁ ဖြစ်သည့် နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိသည့်ပွဲစဉ်တွင် လွဲချော်ခဲ့ပါတယ်။ အဆိုပါ ယူကရိန်း အသင်းခေါင်းဆောင်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းမှ ရောက်ရှိလာပြီးကတည်းက ပရိသတ်များ၏ အချစ်တော်ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် တင်ဘား ဒဏ်ရာရရှိနေတာကြောင့် အသင်းတွင် ၎င်း၏အခန်းကဏ္ဍသည် အထူးအရေးပါလာခဲ့ပါတယ်။

အဆိုပါ သတင်းကောင်းကို အာတီတာက "ဇင်ချန်ကိုဟာ ကျွန်တော်တို့နဲ့ လေ့ကျင့်နေပြီး မကြာခင်မှာ သူပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ကြာသပတေးနေ့ နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ဒူးခွဲစိတ်မှုခံယူခဲ့ရပြီးနောက် အသင်း၏ ပွဲစဉ်များတွင် ပါဝင်နိုင်ခြင်းမရှိသော ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်သည် အသင်းထံ ပြန်လည်ရောက်ရှိလာရန် အချိန်အနည်းငယ် လိုအပ်နေသေးကြောင်း အာတီတာက ဝန်ခံခဲ့ပါတယ်။ "လက်ရှိအချိန်မှာ ဂျီးဆပ်အနေနဲ့ ဒဏ်ရာကနေ အပြည့်အဝ မကောင်းသေးသော်လည်း ကျန်တဲ့ ကစားသမားတွေအားလုံး ကောင်းမွန်ပါတယ်"ဟု အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #ဇင်ချန်ကို #ဂျီးဆပ် #ပရီးမီးယားလိဂ်