ရှေ့သို့
Image

ဂိုးသမားနေရာအတွက် မေးခွန်းထုတ်မှုကို ပြန်လည်ဖြေကြားလိုက်တဲ့ အာတီတာ

8:58 AM, 18 August

အာဆင်နယ်နည်းပြ  အာတီတာက သူရဲ့နောက်ဆုံးသတင်းစာရှင်းပွဲမှာ ဂိုးသမားနေရာကို ဘယ်သူရမလဲဆိုတာ ဖြေကြားလိုက်ပြီး ဒေးဗစ်ရာယာနဲ့ ရမ်စ်ဒေးလ်တို့ တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။

ရာယာဟာ အာဆင်နယ်အသင်းထံ ၁ ရာသီအငှား + အပြီးခေါ်ယူခွင့်နဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး နံပတ် ၁ ဂိုးသမား နေရာအတွက် ရမ်စ်ဒေးလ်နဲ့  အာားပြိုင်ရမှာဖြစ်ပါတယ်။ တာနာကို နော်တင်ဟမ်ဖောရက်စ်အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ဒေးဗစ်ရာယာကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ပွဲမတိုင်ခင်သတင်းစာရှင်းပွဲမှာ အာတီတာက “ဘယ်နေရာမဆိုလား? နံပတ် ၉ ၊ နံပတ် ၇ ၊ နံပတ် ၁၁ ၊ နံပတ် ၆ နဲ့ ဂိုးသမားလား။ နိုးပါ။ အကောင်းဆုံး အရည်အချင်းက ကျွန်တော်တို့ပွဲရဲ့ပြယုဂ်ပါ။ အရမ်းရိုးရှင်းပါတယ်။ နေရာတစ်ခုမှာ အကောင်းဆုံးကစားသမား၂ ဦးလိုချင်ပါတယ်။ မင်းအနေနဲ့ တင်းဘား ဘာဖြစ်သွားလဲဆိုတာ မြင်ရမှာပါ။ အဲ့တာမျိုး ဂိုးသမားနေရာမှာလည်း ဖြစ်နိုင်ပါတယ်။ ကော်တိုရစ်တောင်ဖြစ်သွားခဲ့ပါပြီ။  အဲ့တာကို ကြိုတင်ပြင်ဆင်မှုလုပ်ထားရပါမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကစားရမှာဖြစ်တာကြောင့် ရာယာနဲ့ ရမ်စ်ဒေးလ်တို့ တစ်လှည့်စီကစားရဖို့များနေပါတယ်။ ဒါ့အပြင် အာတီတာက ပရီးမီးယားလိဂ်မှာလည်း စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဆုံးဖြတ်ဖွယ်ရှိနေကာ အပြောင်းအလဲအများအပြားလုပ်ချင်စိတ်မရှိတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ သြဂုတ်လ ၂၁ ရက်နေ့မှာ ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး ဘယ်ဂိုးသမားပွဲထွက်လာမလဲဆိုတာ အာတီတာက ရွေးချယ်ဖွယ်ရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ် ဒေးဗစ်ရာယာ