ရှေ့သို့
Image

ချဲလ်ဆီးကနေ ထွက်ခွာပြီး ဂါလာတာစာရေးကို ပြောင်းတော့မယ့် ဇီယက်ချ်

9:11 AM, 17 August

ချဲလ်ဆီးအသင်း ကွင်းလယ်လူ ဟာကင်မ်ဇီယက်ချ်တစ်ယောက် ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဇီယက်ချ်ဟာ ပိုချက်တီနိုရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့တာဖြစ်ပြီး ဂါလာတာစာရေးနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဇီယက်ချ်ဟာ တနင်္ဂနွေနေ့က လီဗာပူးအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲလူစာရင်းမှာ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုနွေရာသီအစောပိုင်းကတည်းက ချဲလ်ဆီးအသင်းရဲ့ရာသီကြိုခြေစမ်းပွဲ လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့အဆိုအရ ဇီယက်ချ်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ၂ သင်းကြား ပြောင်းရွှေ့ကြေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဇီယက်ချ်ဟာ တူရကီကိုသွားပြီး ဆေးစစ်မှုခံယူနေပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ အပြောင်းအရွှေ့အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပေမယ့် အသင်းဘက်က ဇီယက်ချ်ကို ရှင်းထုတ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆေးစစ်မှုအဆင်မပြေခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မှာဖြစ်ပေမယ့် ကစားသမားအနေနဲ့ ဆေးကျခဲ့တာကြောင့် လစာလျော့ယူဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ပီအက်စ်ဂျီကိုပြောင်းရွှေ့တုန်းကလည်း စာရွက်စာတမ်းနောက်ကျခဲ့တာကြောင့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုသားကို ရိုးမားအသင်းကလည်း စိတ်ဝင်စားနေပေမယ့် အခုချိန်မှာတော့ ဂါလာတာစာရေးက ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဇီယက်ချ်ဟာ ချဲလ်ဆီးအတွက် ၁၀၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၁၄ ဂိုးသွင်း ၊ ၁၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

#ဂါလာတာစာရေး #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဇီယက်ချ်