ပရီးမီးယားလိဂ်မှာ ယူနိုက်တက်က ဘယ်အဆင့်နဲ့ အဆုံးသတ်မလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ရွိုင်ကိန်း
1:55 PM, 16 August
လက်ရှိရာသီပရီးမီးးယားလိဂ်ဆုဖလားအတွက် ယူနိုက်တက်က စိန်ခေါ်နိုင်မလားဆိုတဲ့အပေါ် ရွိုင်ကိန်းက ခန့်မှန်းမှုလုပ်ခဲ့ပါတယ်။
သရဲနီတွေဟာ ပြီးခဲ့တဲ့ရာသီက တန်ဟက်ရဲ့လက်ထက်မှာ ထိပ်ဆုံး ၄ သင်း အတွင်းသို့ ပြန်ရောက်ခဲ့ပြီး စျေးကြီးတဲ့ နွေရာသီ ခေါ်ယူမှုတွေနဲ့အတူ မျှော်လင့်ချက်တွေ အားကောင်းလာခဲ့ပါတယ်။ ပေါင် ၇၂ သန်းတန် ဟွိုက်လန်းက ဒဏ်ရာ ရရှိနေဆဲဖြစ်သော်လည်း ပေါင် ၄၇ သန်း တန် အိုနာနာနှင့် ပေါင်သန်း ၆၀ တန် မေဆင်မောင့်တို့ကတော့ အိုးထရက်ဖို့ဒ်တွင် ဝုဗ်အား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်အတွက်ပွဲထွက် ကစားခဲ့ကြပါတယ်။
ယူနိုက်တက်ရဲ့ ပွဲဦးထွက်ဂိုးသမားဖြစ်တဲ့ အိုနာနာက ပြိုင်ဘက်ကစားသမားကို ကြမ်းတမ်းခဲ့သော်လည်း ပင်နယ်တီ မပေးခဲ့တဲ့အတွက် ဝုဗ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်ကို ပွဲအပြီးတွင် ဒိုင်လူကြီး ဂျွန်မော့စ်က တောင်းပန်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ခါးသီးတဲ့ ပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ရာတွင် သူ့ရဲ့အသင်းဟောင်းထက် မန်စီးတီးက ရှေ့သို့ရောက်နေပါတယ်လို့ ကိန်းက ပြောဆိုထားပါတယ်။
ယူနိုက်တက်အနေနဲ့ ဒီနှစ်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို စိန်ခေါ်နိုင်မလားလို့ မေးမြန်းရာမှာ "ကျွန်တော်တော့ မထင်ပါဘူး"လို့ ကိန်းက Sky Sports သို့ ပြန်ဖြေခဲ့ပါတယ်။ "မန်စီးတီးကို ကျော်ပြီး မြင်ရဖို့ဆိုတာက ခက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် အရင်က ပြောခဲ့ဖူးပါတယ်၊ သူတို့က ဒဏ်ရာရရှိမှု ပြင်းထန်ပြီး နိုင်ပွဲအတွက် ဆာလောင်မှု ပျောက်သွားမှာသာ တခြား အသင်းတွေမှာ အခွင့်အရေး ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်" "ယူနိုက်တက်က ထိပ်ဆုံးလေးသင်းတွင်းမှာရှိပြီး အာဆင်နယ်က ပိုကောင်းလာမှာပါ၊ နယူးကာဆယ်ကို လည်းကြည့်မှာပါ။ နယူးကာဆယ်ကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာက အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပြီး လီဗာပူး၊ ချဲလ်ဆီးနဲ့ သူတို့အသင်းတော်တော်များများက ထိပ်ဆုံးလေးသင်းဝင်ဖို့ရှိပြီး ယူနိုက်တက်အတွက် အတူတူပါပဲ" လို့ ကိန်းက ပြောပါတယ်။
မန်စီးတီးဟာ သောကြာနေ့က ဘန်လေကို ၃-၀ နဲ့ အနိုင်ရရှိကာ ပရီးမီးယားလိဂ်ဖလားကို အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဟာလန်းက ၂ ဂိုး နှင့် ရိုဒရီက ၁ ဂိုး သွင်းယူခဲ့ပြီး မန်စီးတီး ကစားသမားဟောင်း ကွန်ပနီနည်းပြ အဖြစ် တာဝန်ယူထားတဲ့ တန်တက်ဘန်လေအသင်းကို သက်သောင့်သက်သာ အနိုင်ယူခဲ့ပါတယ်။