အာဆင်နယ်ကို ပြောင်းလာပြီးနောက် ရမ်စ်ဒေးလ်ကို မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဒေးဗစ်ရာယာ
11:15 AM, 16 August
အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ်ရာယာကတော့ အသင်းထံ ပြောင်းလာပြီးနောက် အသင်းဖော်တွေနဲ့တွေ့ခွင့်ရဖို့အတွက် မစောင့်ဆိုင်းနိုင်အောင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၇ နှစ်သားဟာ ၂ ရာသီကြာ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အာဆင်နယ်ကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ ရမ်စ်ဒေးလ်ဟာ အာတီတာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပြီး မန်စီးတီးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ပင်နယ်တီကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
အာတီတာကတော့ ရမ်စ်ဒဲလ်လက်စွမ်းပြနေပေမယ့် ရာယာကို ထပ်မံခေါ်ယူခဲ့ကာ နံပတ် ၁ နေရာအတွက် အားပြိုင်ဖို့ အလိုရှိနေပါတယ်။ ရာယာကတော့ အသင်းဖော်အသစ်တွေဟာ အာဆင်နယ်မှာ အထိုင်ကျပြီး အဆင်ပြေနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော် အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အဲ့တာက ပြင်းထန်တဲ့အုပ်စုဖြစ်ပြီး ကျွန်တော်တို့တစ်ဦးနဲ့တစ်ဦး တွန်းအားပေးမှာပါ။ ဒါက အဆင်ပြေတဲ့အုပ်စုဖြစ်လာနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော် သူတို့နဲ့ဆုံဆည်းနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ စိန်ခေါ်မှုတစ်ခုက စတိုင်နဲ့ ပုံစံပါ။ မကြာခင်မှာ တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိလာလိမ့်မယ်လို့ ထင်ပါတယ်။ အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေကို သိတာကလည်း မှန်ကန်တဲ့လမ်းကြောင်းပေါ် အလျင်အမြန်ရောက်စေပါတယ်။ အီနာကီက အရမ်းတောင်းဆိုတဲ့သူဖြစ်သလို အရမ်းကောင်းတဲ့ ဂိုးနည်းပြပါ။ သူက ကျွန်တော့်ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ သူနဲ့လေ့ကျင့်ခန်းဆင်းချိန်မှာ ကျွန်တော် ခံစားမှုပိုကောင်းလာပါတယ်။ ဂိုးသမားတစ်ဦးအနေနဲ့ ကျွန်တော့်အမြင်ကို သူက ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ သူက ကျွန်တော့်စိတ်ကို ပြောင်းလဲပေးတဲ့ တစ်ဦးတည်းသော နည်းပြတစ်ဦးပါ။ ဂိုးသမားအစုအဖွဲ့နဲ့ လေ့ကျင့်ခန်းဆင်းနိုင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဒေးဗစ်ရာယာက ပြောကြားခဲ့ပါတယ်။