ရှေ့သို့
Image

ကမ္ဘာမှာပါ လွှမ်းမိုးနိုင်တဲ့ ကစားသမားဖြစ်လာဖို့ ဆော်ဒီကို ပြောင်းလာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့တဲ့ နေမာ

9:02 AM, 16 August

နေမာက ဆော်ဒီကလပ်အယ်လ်ဟီလယ်ထံ ပြောင်းရွှေ့လာခြင်းဟာ ကမ္ဘာမှာပါ လွှမ်းမိုးနိုင်တဲ့ ကစားသမားဖြစ်လာရန် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။

ဘရာဇီးသားဟာ ခြောက်နှစ်ကြာကစားခဲ့တဲ့ လီဂူးဝမ်းကလပ် ပီအက်စ်ဂျီကနေ ထွက်ခွာကာ အယ်လ်ဟီလယ်အသင်းထံ ပေါင်၇၈သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ နေမာဟာ ဆော်ဒီကလပ်မှာ ခံစားခွင့်အဖြစ် ပေါင်သန်း၂၆၀ ရရှိမှာဖြစ်ပေမယ့် ပီအက်စ်ဂျီကနေ ထွက်ခွာလာရခြင်းက ငွေကြေးကြောင့် မဟုတ်ဘူးလို့ ရှင်းပြသွားခဲ့ပါတယ်။

နေမာက "ကျွန်တော် ဥရောပမှာ အောင်မြင်မှုတွေရခဲ့ပြီး ထူးခြားတဲ့အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကမ္ဘာမှာပါ လွှမ်းမိုးနိုင်တဲ့ ကစားသမားဖြစ်လာချင်ပြီး နေရာဒေသအသစ်တွေမှာ စိန်ခေါ်မှုတွေ၊ အခွင့်အရေးတွေကို စမ်းသပ်ချင်ပါတယ်" "ကျွန်တော် အားကစားဆိုင်ရာ ကဏ္ဍအသစ်တစ်ခုကို ဖွင့်လှစ်ချင်ပြီး လက်ရှိမှာ ဆော်ဒီလိဂ်က အရည်အချင်းပြည့်၀တဲ့ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်"

"ကျွန်တော် ဆော်ဒီလိဂ်မှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ ဘရာဇီးကစားသမားတွေရဲ့ ခြေရာကို နင်းမှာဖြစ်တာကြောင့် ဒီနေရာက ကျွန်တော် လေးစားမှုပေးရမယ့်နေရာဆိုတာ ယုံကြည်ပါတယ်" "အယ်လ်ဟီလယ်က အားပေးကြမ်းတဲ့ ပရိသတ်တွေနဲ့ အသင်းကြီး တစ်သင်းဖြစ်ပြီး အာရှမှာ အကောင်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခုလိုပြောင်းရွှေ့လာတာက ကျွန်တော့်အတွက် အချိန်မှန်၊ နေရာမှန်ကို ရောက်လာတာလို့ ခံစားရပါတယ်" "ကျွန်တော်က အောင်ပွဲတွေနဲ့ သွင်းဂိုးတွေကို ချစ်မြတ်နိုးသူဖြစ်ပြီး ဆော်ဒီမှာလည်း အယ်လ်ဟီလယ်နဲ့အတူ အောင်မြင်မှုတွေရနိုင်ဖို့ စီစဉ်ထားပါတယ်"လို့ ပြောခဲ့ပါတယ်။

နေမာဟာ ခရစ္စတီယာနို ရော်နယ်ဒိုနောက်ပိုင်း ဆော်ဒီကိုရောက်လာတဲ့ နာမည်အကြီးဆုံး စူပါစတားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

#အပြောင်းအရွှေ့ #နေမာ #ဆော်ဒီ