ရှေ့သို့
Image

အငှားပြီးချိန်မှာလည်း ရီးရဲလ်အသင်းမှာ ဆက်နေနိုင်လိမ့်မယ်လို့ ကီပါ မျှော်လင့်နေ

8:50 AM, 16 August

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အင်္ဂါနေ့မှာ ကီပါကို ကစားသမားအသစ်အဖြစ် မိတ်ဆက်လိုက်ပါတယ်။

သတင်းစာရှင်းပွဲမှာတော့ ကီပါက ကျေးဇူးတင်စကားပြောကြားခဲ့သလို အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ဒဏ်ရာအခြေအနေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ အလုပ်ကြိုးစားပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့အပေါ်
==============
“ရက်အနည်းငယ်လောက် အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး လေ့ကျင့်ခန်းအပြီးမှာ ကျွန်တော် ဖုန်းခေါ်ယူမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲ့အချိန်မှာ ရီးရဲလ်က ကျွန်တော့်ကို ကမ်းလှမ်းလာခဲ့ပြီး အခြားအသင်းတွေကလည်း ကမ်းလှမ်းခဲ့ပေယမယ့် ဒီအပြောင်းအရွှေ့အတွက် အလျင်အမြန်ဆုံးဖြတ်ခဲ့တာပါ”

ကော်တိုရစ်ဒဏ်ရာအခြေအနေအပေါ်
==============
“မှန်ပါတယ်။ ကျွန်တော် သူနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ သူ့ဘဝတစ်လျှောက်အဆိုးဝါးဆုံး အခြေအနေကို ဖြတ်သန်းနေရတာပါ။ မကြာခင်မှာ သူကွင်းထဲပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

အငှားပြီးချိန်မှာ ဆက်နေနိုင်ဖို့ မျှော်လင့်နေတဲ့ ကီပါ
================
ကီပါတစ်ယောက် ၂၀၂၃ - ၂၄ ရာသီ တစ်နှစ်အငှားလာကစားမှာဖြစ်ပြီး အသင်းမှာဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော် ဆက်နေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့က  ပထမဆုံးနေ့ပါ။ ကျွန်တော်ဒီမှာ အငှားနဲ့ရှိနေတဲ့ပထမဆုံး အချိန်ပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်ရှိပါတယ်။ ဆက်ကြည့်ကြတာပေါ့။ ဒီလိုဖြစ်လာဖို့ ကျွန်တော်ကြိုးစားအားထုတ်သွားမှာပါ”


ချဲလ်ဆီးက အချိန်တွေအပေါ်
=============
“ကျွန်တော် ထိပ်တန်းကစားသမားတွေနဲ့ ကစားခွင့်ရခဲ့ပါတယ်။ ပြီးတော့ ဆုဖလားတွေလည်း စိန်ခေါ်နိုင်ခဲ့ပါတယ်။ အဲ့တာက ကောင်းမွန်တဲ့အတွေ့အကြုံပါ။ ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး”

ရင့်ကျက်မှုပိုင်းအပေါ်
============
“ဘောလုံးမှာက အရာတွေက ပြောင်းလဲနေတာပါ။ ကျွန်တော် ဒီအခိုက်အတန့်အပေါ် ကြိုးစားသွားမှာပါ။ ရီးရဲလ်အသင်းအတွက် ၁၀၀% ပေးဆပ်သွားမှာပါ။ ကျွန်တော့်ရဲ့အကောင်းဆုံး အခိုက်အတန့်မှာ ရောက်လာခဲ့တယ်လို့ ခံစားရပါတယ်။ အတွေ့အကြုံအားလုံးက ရင့်ကျက်မှုတွေပေးစွမ်းနိုင်မှာပါ”


ကာဆီးလက်စ်ကိုကြည့်ရင်း ကြီးပျင်းခဲ့တဲ့အပေါ်
===============
“ကျွန်တော် ရီးရဲလ်အသင်းဂိုးပေါက်မှာ ကာဆီးလက်စ်စောင့်ခဲ့တာကို မှတ်မိပါတယ်။ သူက ကျွန်တော့်ရဲ့စံပြကစားသမားပါ။ ကျွန်တော် နှိုင်းယှဉ်မှုတော့ မတွေးချင်ပါဘူး။ ကျွန်တော့်ဘဝကိုပဲ အာရုံစိုက်ထားပါတယ်”

ကီပါအကြောင်း ပီရက်ဇ်ရဲ့ပြောစကား
=============
“ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးပိုင်ဆိုင်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ ချဲလ်ဆီးမှာ အတူရှိခဲ့တဲ့သူငယ်ချင်းတွေဆီကနေ လာခဲ့တာပါ။ ၅ ရာသီအတွင်း မင်းအနေနဲ့ ချန်ပီယံလိဂ် ၊ ကလပ်ကမ္ဘာ့ဖလား ၊ ယူအီးအက်ဖ်အေစူပါဖလား ၊ ယူရိုပါလိဂ်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကာကွယ်မှုဆုကိုရရှိခဲ့ပါတယ်။ ပြီးတော့ စပိန်ဘောလုံးရပ်ဝန်းရဲ့အကောင်းဆုံး ကစားသမားတွေထဲတစ်ဦးပါ။ ဘာနေဗျူးအတွက် ကစားပေးရတဲ့ခံစားချက်ကို မင်းခံစားမိမှာပါ။ ဒီအသင်းမှာ စည်းလုံးတဲ့ပရိသတ်အင်အားရှိသလို အသင်းပရိသတ်တွေကလည်း မင်းကို ကူညီပေးပါလိမ့်မယ်”လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ကီပါ #ရီးရဲလ်မက်ဒရစ်