ဆယ်လ်တာဗီဂိုကြယ်ပွင့် ဗီဂါကို ခေါ်ယူနိုင်ဖို့ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ နာပိုလီ
2:10 PM, 15 August
အီတလီချန်ပီယံနာပိုလီက ဆယ်လ်တာဗီဂိုစတား ဗီဂါကို ခေါ်ယူနိုင်ဖို့အတွက် နှစ်ဖက်စကားပြောဆိုညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထောက် Loic Tanzi က ပြောပါတယ်။
စပိန်သားထံမှ သဘောတူညီမှုရရှိပြီးနောက် နာပိုလီက လာလီဂါကလပ်နဲ့ အပြောင်းအရွှေ့စာချုပ် ချုပ်ဆိုနိုင်ဖို့ အပြီးသတ်လုပ်ဆောင်လျက် ရှိပါတယ်။ စီးရီးအေချန်ပီယံတွေက လက်ငင်းပြောင်းရွှေ့ကြေးယူရို ၃၆ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးပါဝင်တဲ့ သဘောတူညီမှုတစ်ခုရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါက ယူရိုသန်း ၄၀ တန်ကြေးရှိ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးနီးပါးရောက်ရှိလာမယ့် ဈေးနှုန်းဖြစ်ပါတယ်။
နာပိုလီက အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ ဇီလင်စကီးရဲ့နေရာမှာ အစားထိုးဖို့ ဗီဂါကို စိတ်ဝင်စားနေတာပါ။ ပိုလန်ကွင်းလယ်လူက နာပိုလီရဲ့စာချုပ်သစ် ကမ်းလှမ်းမှုအပေါ် ငြင်းဆိုလိုက်ပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
ဗီဂါကို ဒေါ့မွန်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က စောင့်ကြည့်ခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူဖို့တော့ စိတ်မဝင်စားခဲ့ကြပါဘူး။ တဖက်မှာလည်း ဗီဂါက ကာဂျက်စတီ၊ နသန်တို့အပြီး နာပိုလီရဲ့ အခုနွေရာသီအပြောင်းအရွှေ့ကာလ တတိယမြောက်ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။
အလားတူ အသင်းရဲ့အဓိကတိုက်စစ်မှူး အိုဆီမန်ကိုလည်း နေပယ်လ်မြို့အခြေစိုက်ကလပ်အသင်းက စာချုပ်သစ်ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။ နာပိုလီက လာမယ့်စနေနေ့မှာ တန်းတက်ဖရိုစီနိုနီနဲ့ စီးရီးအေရာသီအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။