ရှေ့သို့
Image

ဂါလာတာစာရေး တောင်ပံကစားသမား ဇာနီအိုလိုကို အငှားဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အက်စတွန်ဗီလာ

1:49 PM, 15 August

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာက ဂါလာတာစာရေးတောင်ပံလူ၊ အီတလီလက်ရွေးစင်ကစားသမား ဇာနီအိုလိုကို အငှားဖြင့်ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပါပြီ။

ဗီလာက ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ပေါင် ၁၉ သန်းတန် အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ ပေါင် ၃ သန်းတန်ငှားရမ်းခကို ပေးချေမယ်လို့ ကမ်းလှမ်းထားတာပါ။ လက်ရှိမှာတော့ အူနိုင်းအမ်မရီရဲ့အသင်းက အသက်-၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။

အရေးကြီးတဲ့အချက်တစ်ခုကတော့ ဗီလာအားကစားဒါရိုက်တာမွန်ချီက ရိုးမားမှာတာဝန်ယူချိန်ကတည်းက ဇာနီအိုလိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားနိုင်ပြီး အခုအချိန်မှာလည်း အီတလီလက်ရွေးစင်ကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာတယ်ဆိုတာပါပဲ။ ဇာနီအိုလိုက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂါလာတာစာရေးအတွက် လိဂ် ၁၁ ပွဲကစား၊ ၅ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းမှထွက်ခွာတော့မယ်လို့ မျှော်လင့်ရပါတယ်။

သူက ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ရိုးမားအတွက် ၉၄ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ကလပ်နဲ့ သူ့အကြား ဆက်ဆံရေးပျက်ယွင်းသွားချိန်မှာတော့ သူက ပိုလျှံကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဇာနီအိုလိုက အသင်းမှထွက်ခွာခွင့်ပြုဖို့ ပွင့်ပွင့်လင်းလင်းတောင်းဆိုခဲ့ပြီး ရိုးမားအသင်းဘက်ကလည်း သူ့ရဲ့တောင်းဆိုမှုကို လိုက်လျောပေးကာ ဂါလာတာစာရေးဆီ ပြောင်းရွှေ့စေခဲ့ပါတယ်။

ဇာနီအိုလိုက ဘယ်တောင်ပံတိုက်စစ်(သို့မဟုတ်) နောက်ချန်တိုက်စစ်ကစားသမားအဖြစ် ကစားနိုင်စွမ်းရှိပေမယ့် အမ်မရီရဲ့နည်းစနစ်ပိုင်းအရ တိုက်စစ်မြှားဦးမှာ အသင်းကို ဥိးဆောင်သွားမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဗီလာက ဒူးအရွတ်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မယ့် ဘွန်ဒီယာ နေရာမှာ အစားထိုးဖို့ သူ့ကို ခေါ်ယူချင်နေခဲ့တာပါ။ အမ်မရီရဲ့အသင်းက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နယူးကာဆယ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

#ဂါလာတာစာရေး #ဇာနီအိုလို #အက်စတွန်ဗီလာ #အပြောင်းအရွှေ့