ရှေ့သို့
Image

ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာနဲ့ ဆွေးနွေးနေတဲ့ ဘိုင်ယန်မြူးနစ်

1:29 PM, 15 August

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်ဂိုးသမား ဒီဂီယာကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

စပိန်သားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် အလွတ်နဲ့ ခေါ်ယူလို့ရနိုင်တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်သားကို ဆော်ဒီလိဂ်ကလည်း ခေါ်ယူချင်နေပြီး ဂျာမန်သတင်းတွေအရ ဒီဂီယာဟာ ဘိုင်ယန်ကိုသာ ပြောင်းဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဂျာမန်ချန်ပီယံဟာ စပိန်ဂိုးသမားကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂီယာရဲ့ လုပ်ခလစာများပြားတာကြောင့် ဘိုင်ယန်အတွက် ခက်ခဲနေတာဖြစ်ပါတယ်။ စပိန်သားဟာ ယူနိုက်တက်မှာ လုပ်ခလစာအများဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀ အထိရရှိခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်ကတော့ နူအာနေရာအတွက် အရန်ဂိုးသမားအလိုရှိနေပြီး အဆိုပါဂျာမန်သားဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်သားဟာ ခွဲစိတ်မှုချက်ချင်းလုပ်ခဲ့ပေမယ့် ပြန်လည်ကြံ့ခိုင်မှုကလည်း အဆင်မပြေသေးတာဖြစ်ပါတယ်။

နူအာဟာ ညာခြေနဲ့ ဘောလုံးကန်တင်ဖို့ ရုန်းကန်နေရပြီး ဘယ်ခြေနဲ့သာ ကန်တင်နေရတာဖြစ်ပါတယ်။ သတင်းတွေအရ ဘိုင်ယန်ဟာ နူအာရဲ့ဒဏ်ရာ အခြေအနေကို နောက်ထပ်မှန်ကန်တဲ့ခွဲစိတ်မှုမျိုးလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်ဟာ လာမယ့်သောကြာနေ့မှာ ချန်ပီယံဆုကာကွယ်ဖို့ ဝါဒါဘရီမင်အသင်းနဲ့  ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ်