ရှေ့သို့
Image

လာမည့်ရက်များအတွင်း ဖာတီအတွက် ပရီးမီးယားလိဂ်ဘက်မှ ယူရိုသန်း ၅၀ တန် ကမ်းလှမ်းမှု ရရှိမည့် ဘာစီလိုနာ

1:17 PM, 14 August

ကက်ဆီနှင့် ဒမ်ဘီလီတို့ ယခုသီတင်းပတ်အတွင်း ထွက်ခွာသွားပြီးနောက် ဘာစီလိုနာ၏ ဘဏ္ဍာရေးသည် ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ သို့ပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဘာစီလိုနာမှာ ရောင်းချမယ့် ကစားသမားထပ်ရှိလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

ထိုကစားသမားကတော့ ဖာတီဖြစ်ပြီး ထွက်ခွာရန် အလားအလာရှိသည့် လူငယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဖာတီဟာ ဘာစီလိုနာမှာ ဆက်ရှိနေချင်ပေမယ့် ဇာဗီ လက်ထက်မှာ ပွဲထွက်ကစားဖို့ အလားအလာမရှိရင် ထွက်ခွာဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။ ဘာစီလိုနာသည် ဖာတီအတွက် ကမ်းလှမ်းမှုများကို နားထောင်မည်ဖြစ်ပြီး စပိန်မီဒီယာတစ်ခု၏အဆိုအရ ၎င်းတို့သည် မကြာမီတွင် အမည်မဖော်လိုသည့် ပရီးမီးယားလိဂ်ကလပ်တစ်ခုမှ ယူရိုသန်း ၅၀ တန်ကမ်းလှမ်းမှုကို လက်ခံရရှိမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။

ဖာတီအတွက် ဘာစီလိုနာ၏တောင်းဆိုမှုစျေးနှုန်းသည် မည်ကဲ့သို့ဖြစ်မည်ကို မသိရသေးသော်လည်း ၎င်းတို့ရရှိသည့်ငွေသည် အမြတ်အစွန်းများသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါလူငယ်တိုက်စစ်မှူးသည် လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သောကြောင့် ဖြစ်ပါတယ်။

ဖာတီက ဘာစီလိုနာကနေ ထွက်ခွာသွားတာ မြင်ရတာ ရှက်စရာပါ။ သူသည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း သံသယကင်းစွာနဲ့ တိုးတက်ကောင်းမွန်လာခဲ့ပေမယ့် ယခုရာသီတွင် ပွဲထွက် ကစားသမားတစ်ဦးဖြစ်မလာပါက ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းတဲ့ ဖြေဆေးတစ်ခုဖြစ်ဖို့ရှိနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒမ်ဘီလီ #ဖာတီ #ကက်ဆီ