နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယာကို ချီးကျူးခဲ့တဲ့ ဖာဒီနန်
3:58 PM, 13 August
ဖာဒီနန် က အန်ကီတီယာ ဟာ အာဆင်နယ် ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလား စိန်ခေါ်မှုအတွက်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
အဆိုပါ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ အာတီတာက အံ့အားသင့်စရာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။
အန်ကီတီယာ ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာရနေတဲ့ ဂျီးဆပ်ရဲ့ နေရာတွင်အစားထိုးဝင်ရောက်လာချိန်မှာ သူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းနဲ့ အလားအလာကိုပြသခဲ့ပေမယ့် မန်စီးတီးကိုအနိုင်ရရှိခဲ့တဲ့ ကွန်မြူနတီဒိုင်းမှာ အရန်ခုံမှာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ အန်ကီတီယာဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ မာတင်နယ်လီရဲ အထင်ကြီးလောက်စရာ ဖန်တီးပေးမှုမှတစ်ဆင့် ၎င်း၏အသင်းအတွက် ပထမဆုံးဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။
သူ့ပတ်ဝန်းကျင်ရှိ ကြယ်ပွင့်များ၏ စွမ်းရည်များကို မကြာခဏတန်ဖိုးထားပြောကြားလေ့ရှိတဲ့ ဖာဒီနန်က နကီတီယာ သည် ပြီးခဲ့သည့်ရာသီကထက် ပိုမိုကောင်းမွန်သောအသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်သွားမည့် အာဆင်နယ်အသင်း၏ အရေးကြီးသောအစိတ်အပိုင်းအဖြစ် ဆက်လက်ရှိနေမည်ဟု ယုံကြည်နေကြောင်းပြောခဲ့ပါတယ်။
ဖာဒီနန်က "အန်ကီတီယာဟာ လူတော်လူကောင်းပဲလို့ လူတွေပြောနေတာကို မြင်ဖူးကြမှာပါ၊ ဂျီးဆပ်က ကြံ့ခိုင်မှုမရှိရင် ခြေစွမ်းပြနိုင်မလား၊ ဒီကလေးက သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံး ဂိုးတွေသွင်းနိုင်တယ်ဆိုတာ သိတယ်။ ကျွန်တော် သူ့ကို ပုဂ္ဂိုလ်ရေးအရ မသိပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေကို သိပြီး သူ့ကိုယ်သူ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေတဲ့လူငယ်လေးတစ်ယောက်လို့မြင်ပါတယ်။
သူက လုံ့လဝီရိယရှိပြီး ကြိုးစားအားထုတ်မှုကောင်းတဲ့သူတစ်ယောက်ပါ။ သူ့ကို ဘယ်လိုပဲထင်မြင် ဘောလုံးကို ဂိုးပိုက်ထဲ ဘယ်လိုထည့်ရမလဲဆိုတာ သိတယ်။ သူက အဆုံးသတ်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။
မန်စီးတီးဟာ ဗဟိုတိုက်စစ်နေရာကနေ ၅၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးတွေကြောင့် လိဂ်ဖလားကို ရရှိခဲ့ပါတယ်။ အာဆင်နယ်မှာ ဒီလိုလုပ်နိုင်တဲ့လူမရှိပေမယ့် သူတို့မှာ ရှိတဲ့ ကစားသမားအစုအဝေးကနေပြီး လုပ်နိုင်တဲ့ အလားအလာရှိပါတယ်။
သူက အရမ်းတန်ဖိုးရှိတယ်။ ပြီးခဲ့တဲ့နှစ်က ဂျီးဆပ်ဒဏ်ရာရနေတဲ့ အချိန်မှာလည်း သူခြေစွမ်းပြတာတွေ့ခဲ့ရပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။
#အာဆင်နယ် #ဖာဒီနန် #အန်ကီတီယာ