ရှေ့သို့
Image

အင်အားတောင့်တင်းဖို့ ကစားသမား ၁ ဦးထက် ပိုမိုခေါ်ယူသွားရန် ကြိုးစားနေတဲ့ နယူးကာဆယ်နည်းပြဟိုဝီ

2:17 PM, 12 August

နယူးကာဆယ်အသင်းဟာ ရာသီပိတ်ခါနီးတွင် ကြီးကြီးမားမားရင်းနှီးမြုပ်နှံထားသော်လည်း ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ကစားရမှာဖြစ်တာကြောင့် အင်အားတောင့်တင်းဖို့အတွက် ကစားသမားသစ် နောက်ထပ်ခေါ်ယူဖို့ လိုအပ်သေးကြောင်း နည်းပြအက်ဒီဟိုဝီက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ဟာ တိုနယ်လီ၊ ဘားနက်စ်နှင့် လီဗရာမန်တို တို့ကို ခေါ်ယူရန်အတွက် ပေါင် ၁၂၈ သန်း (ဒေါ်လာ ၁၆၂.၆၀ သန်း) အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ကလပ်အနေနဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာကြောင့် အင်အားဖြည့်တင်းဖို့လိုအပ်ပါတယ်လို့ နည်းပြက ပြောထားပါတယ်။

"ကျွန်တော်ကတော့ နောက်ထပ် ကစားသမား၁ ဦးထက် ပိုပြီးခေါ်ယူချင်ပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့က လောလောဆယ်မှာ ဒဏ်ရာရ ကစားသမားတွေရှိနေပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်" "နောက်ထပ် ကစားသမားတွေ ခေါ်ယူဖို့ ဆိုတာက ၁၀၀ % မသေချာဘူးဆိုတော့ ဒါကစာချုပ်ပေါ်မှာ မူတည်ပြီး ဒီနောက်ဆုံး ကစားသမားနဲ့ ဖန်တီးမှုတွေ လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" "သို့သော်လည်း ဒါက အတိအကျ ပြောရခက်နေပြီး ဒဏ်ရာပြဿနာတွေကလည်း လက်ရှိအချိန်နဲ့ အပြောင်းအရွှေ့ပိတ်တော့မယ့် အကြားမှာပဲ မူတည်နေပါတယ်"လို့ အက်စတွန်ဗီလာနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မတိုင်မီ သတင်းထောက်များတွေကို ဟိုဝီက ပြောကြားခဲ့ပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့တစ်ရာသီလုံးကို လွဲချော်ခဲ့တဲ့ ဂျိုးဝီလော့ခ်ဟာ အနည်းဆုံးစက်တင်ဘာလလယ်အထိ အနားယူနေရမှာဖြစ်ကြောင်း နည်းပြက အတည်ပြုခဲ့ပါတယ်။

"သူရဲ့ တံကောက်ကြောဒဏ်ရာက အနည်းငယ် မသက်မသာသေးတာကြောင့် ကွင်းထဲသို့ ခေါ်ယူဖို့ မလိုပါဘူး" "ပထမဆုံးနိုင်ငံတကာပွဲစဉ်များမစခင် ကျွန်တော်တို့က ပထမဆုံး ပွဲတွေအတွက် သူ့ကို လက်လွတ်ထားရမှာဖြစ်ပါတယ်" လို့  အသက် ၄၅ နှစ်အရွယ် နည်းပြက ပြောကြားခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နောက်ခံလူ ဖေဘီယန်ရှဟာက လေ့ကျင့်ရေးမှာ ကောင်းမွန်စွာ ရှိနေကြောင်း ဟိုဝီက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဇူလိုင်လအစောပိုင်းက အေစီမီလန်မှ ကွင်းလယ်ကစားသမား တိုနယ်လီကို စောစီးစွာ ခေါ်ယူခဲ့ပြီး ရာသီကြိုကာလတွင် အီတလီကစားသမား ရဲ့အသားကျပုံကို သဘောကျမိကြောင်း ဟိုဝီက ပြောကြားခဲ့ပါတယ်။

"နိုင်ငံရပ်ခြားက ကစားသမားတွေကို ခေါ်ယူတဲ့အခါမှာ စောစောစီးစီး ခေါ်ယူဖို့ ကြိုးစားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆန်ဒရိုက သူ့ရဲ့ အပြောင်းအရွှေ့တွေကို ဘယ်လိုကိုင်တွယ်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်သလဲဆိုတာကို ချီးကျူးရမှာပါ" "ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့အများစုကို စောစောစီးစီးလုပ်ခွင့်ရတဲ့အတွက် ကျေနပ်မိပြီး ကျွန်တော်တို့ဟာ နေရာကောင်းတစ်ခုမှာ ရှိနေတယ်လို့ ထင်ပါတယ်"လို့ ဟိုဝီက ပြောပါတယ်။

#နယူးကာဆယ် #ဟိုဝီ #ပရီးမီးယားလိဂ်