ရှေ့သို့
Image

ဟာလန်း၊ ရိုဒရီတို့ရဲ့သွင်းဂိုးတွေနဲ့ ဘန်လေကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်စီးတီး

3:42 AM, 12 August

ဘန်လေ ဝ-၃ မန်စီးတီး (ပွဲပြီးရလဒ်)

ဟာလန်း ၄ မိနစ်

ဟာလန်း ၃၆ မိနစ်

ရိုဒရီ ၇၅ မိနစ်


ပထမပိုင်းပွဲချိန်တွေမှာ ဦးဆောင်ဂိုးတွေခွင့်ပြုထားခဲ့ရလို့ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဘန်လေက တိုက်စစ်မြှင့်ကစားလာခဲ့ပါတယ်။ ဒါပေမယ့် မာကျောတဲ့ မန်စီးတီးခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ခဲ့ဘဲ အပိုင်ကန်သွင်းခွင့်ရရှိဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာပဲ ရိုဒရီက မန်စီးတီးအတွက် နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးထပ်မံသွင်းယူခဲ့လို့ ပွဲရလဒ်ပိုင်းက ပြတ်ပြတ်သားသားဖြစ်လာခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဝေါ်လ်ကာအပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ ဘန်လေကစားသမားဇာရူရီကို ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့ရာ အခုပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် ပထမဆုံးအနီကတ်ပြစ်ဒဏ်ကို အဖွင့်ပွဲစဉ်မှာပဲ မြင်တွေ့ခဲ့ရပါတယ်။

#မန်စီးတီး #ဘန်လေ #ပရီးမီးယားလိဂ်