ရှေ့သို့
Image

ချဲလ်ဆီးမှာ အနာဂတ်မရေရာနေတဲ့ ကီပါကို ခေါ်ယူရေးအတွက် အားစိုက်လာတဲ့ ဘိုင်ယန်မြူးနစ်

4:37 PM, 11 August

ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဆယ်စုနှစ်တစ်ခုကြာ ချန်ပီယံအဖြစ် ဆက်တိုက်အောင်ပွဲခံခွင့်ရထားခဲ့ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုရရေး ပစ်မှတ်ထားနေတဲ့ နည်းပြ တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဝါရင့်ဂိုးသမား နူအာရဲ့ နေရာတွင် အစားထိုးရန်အတွက် ချဲလ်ဆီးအသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့  ကီပါကို ခေါ်ယူရေး ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက နူအာ ဒဏ်ရာရထားချိန်မှာ ယာယီအစားထိုးရန် ခေါ်ယူထားခဲ့တဲ့ ဂိုးသမား ယန်းဆမ်မာအား အင်တာမီလန်အသင်းကို ရောင်းချထားခဲ့တာကြောင့် ဂိုးသမား ထပ်မံရှာဖွေနေရတာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ယခုသီတင်းပတ်အတွင်း ဘရိုက်တန်အသင်းရဲ့ စပိန်လက်ရွေးစင် ဂိုးသမားကို ခေါ်ယူထားခဲ့တာကြောင့် ကီပါရဲ့ အနာဂတ်က လှုပ်ခက်လာတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံကလပ်က စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

ကီပါက ချဲလ်ဆီးအသင်းတွင် ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးတာ ဖြစ်ပေမဲ့ နည်းပြ တူချယ်က အသက် ၂၈နှစ်အရွယ် စပိန်ဂိုးသမားကို ခေါ်ယူရေးအတွက် အားခဲနေတာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ကီပါကို ပြောင်းရွှေ့ကြေး မြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်တွင် ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူထားခဲ့ရာမှာ ကစားသမားက လက်စွမ်း မတည်ငြိမ်နေတာကြောင့် ရောင်းထုတ်ရန် သတင်းထွက်လာနိုင်တာပဲ ဖြစ်ပါတယ်။

#ကီပါ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ်