ရှေ့သို့
Image

မည်သည့် အခြေအနေမျိုးတွင်မဆို အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ပီအက်စ်ဂျီကို အကြောင်းကြားလိုက်တဲ့ အမ်ဘာပေ

2:24 PM, 11 August

သူ့အနေနဲ့ ဒီနွေရာသီမှာ ဘယ်လိုအခြေအနေမျိုးမှာမှ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပီအက်စ်ဂျီသို့ ပြောကြားလိုက်ကြောင်း သိရပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ လီဂူးဝမ်းချန်ပီယံအသင်းနှင့် စာချုပ်သက်တမ်း မတိုးခဲ့ခြင်းကြောင့် ကလပ်နှင့် အကြိတ်အနယ်ရှိနေတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ အသင်းရဲ့ ရာသီကြို အာရှခရီးစဉ်တွင် ပါဝင်ရန် မရွေးချယ်ခဲ့ဘဲ ကလပ်ရဲ့ဘီအသင်းနှင့် ကစားရန် ပထမဆုံး ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် အသင်းဟာ Parc des Princes အားကစားကွင်းက အမ်ဘာပေရဲ့ ပိုစတာကြီးကို ဖြိုဖျက်ခဲ့ပါတယ်။

အမ်ဘာပေရဲ့ ဂျာစီကိုလည်း ကလပ်ရဲ့ဆိုင်ကနေ ဖယ်ရှားလိုက်ပြီး ကလပ်အကြီးအကဲတွေဟာ ပေါင်သန်း ၂၅၀ ပြန်ရရှိစေဖို့အတွက် အသက် ၂၄ နှစ်အရွယ် ကစားသမားကို အပြီးသတ်ပြောင်းရွှေ့မှု ဒါမှမဟုတ် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားနေကြပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီရဲ့ ခွေထားခြင်းကိုခံရတော့မှာဖြစ်ပြီး ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိတာကြောင့် ၂၀၂၄ ခုနှစ် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ အသင်းမှာ ကစားမှာ မဟုတ်ပါဘူး။

အမ်ဘာပေရဲ့ လက်ရှိစာချုပ်သက်တမ်းတိုးမှုကို နှောင့်နှေးစေတဲ့အချက်က ကလပ်၏ အပြောင်းအရွှေ့ မူဝါဒကြောင့်ဖြစ်ပါတယ်။ အမ်ဘာပေဟာ ၂၀၂၂ ခုနှစ်နွေရာသီတွင် သူ့ရဲ့နောက်ဆုံးစာချုပ်ကို ချုပ်ဆိုရန် ကလပ်မှ လုပ်ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်များကြောင့် စိတ်ပျက်နေတယ်လို့ ထင်ရပြီး ထိုအပြောင်းအရွှေ့ကာလတွင် လီဝန်ဒေါ့စကီးနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို ပြင်သစ်မြို့တော်သို့ခေါ်ဆောင်ရန် ပျက်ကွက်ခဲ့တယ်လို့ ယူဆရပါတယ်။

ပိုလန်လက်ရွေးစင်ဟာ ဘိုင်ယန်မြူးနစ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားခဲ့ပြီး ဆေးလ်ဗားကလည်း ပီအက်စ်ဂျီ နှင့် ဘာစီလိုနာတို့မှ စိတ်ဝင်စားမှုများရှိနေသော်လည်း မန်စီးတီးတွင် ဆက်လက်ရှိနေခဲ့ပါတယ်။ အခြားနေရာသို့ မရောင်းချနိုင်ခဲ့ပါက အာဏာပြတဲ့အနေနဲ့ ပီအက်စ်ဂျီဟာ ကစားသမားကို အရန်ခုံမှာသာ ထိုင်ခိုင်းဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ကလပ်ထက် ကြီးမားတဲ့ ကစားသမားဆိုတာမရှိသင့်ဘူးလို့ ကလပ်က ယုံကြည်ထားပါတယ်။

ကလပ်ဟာ ဆော်ဒီအာရေးဗျသို့ စေလွှတ်ရန် ကြိုးပမ်းခဲ့ပြီး အမ်ဘာပေအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၉၅ သန်းဖြင့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းစဉ်တွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီက စာချုပ်သက်တမ်းတိုးဖို့ ပြင်းပြနေသော်လည်း ကိုယ်စာလှယ်များနှင့် ဆွေးနွေးမယ့် အခွင့်အရေးကို ကစားသမားက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က Mail Sport မှဖော်ပြခဲ့တဲ့အတိုင်း အမ်ဘာပေနှင့် ပီအက်စ်ဂျီတို့အကြား ပြဿနာက အလွန်ကြီးမားနေတယ်လို့ ထင်ရပြီး နည်းပြသစ် အင်းနရစ်ကလည်း သူရဲ့ခန့်အပ်မှုအပြီး တစ်လအကြာတွင်အသင်းမှ ထွက်ခွာရန်စဉ်းစားနေပါတယ်။

#အက်စ်ပန်ညို #အပြောင်းအရွှေ့ #အမ်ဘာပေ