ရှေ့သို့
Image

ကော်တိုရစ်နေရာအတွက် ဒီဂီယာကို မခေါ်ယူချင်ဖြစ်နေတဲ့ အန်ဆယ်လော့တီ

10:38 AM, 11 August

စပိန်ကလာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းဟာ ကော်တိုရစ်နေရာအတွက် ဒီဂီယာကို ခေါ်ယူနိုင်ဖို့ အလေးသာနေပေမယ့် အန်ဆယ်လော့တီက သဘောမကျဘူးလို့ သိရပါတယ်။ ကော်တိုရစ်တစ်ယောက် ကြာသပတေးနေ့က လေ့ကျင့်ခန်းအစီအစဉ်မှာ အရွတ်ဒဏ်ရာရခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဂိုးသမားသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။

အသက် ၃၁ နှစ်သားဟာ အဆိုပါဒဏ်ရာကို ဆေးစစ်မှုခံယူခဲ့ပြီး အခုရာသီသစ်ကို လွဲချော်ဖို့ များနေပါတယ်။ စပိန်သတင်းတွေအရ ဒီဂီယာကို မက်ဒရစ်တာဝန်ရှိသူတွေက သဘောကျနေပေမယ့် အန်ဆယ်လော့တီက ယူနိုက်တက်ဂိုးသမားဟောင်းကို အလိုမရှိဘူးလို့ သိရပါတယ်။

ဆီဗီလာဂိုးသမား ဘိုနိုကို ပစ်မှတ်ထဲထည့်ထားပေမယ့် ဇန်နဝါရီမှာ အာဖရိကနေးရှင်းလိဂ်ဖလားကြောင့် မော်ရိုကိုသားကို လက်လွှတ်ရနိုင်တာဖြစ်ပါတယ်။ ဗလန်စီယာဂိုးသမား မာမာဒါရှီဗီလီကိုလည်း ပစ်မှတ်ထားနေပေမယ့် ဒီဂီယာက ရီးရဲလ်အတွက် အဆင်အပြေဆုံးဖြစ်နေပါတယ်။

အသက် ၃၂ နှစ်သားဟာ ယူနိုက်တက်နဲ့စာချုပ်သစ်အဆင်မပြေခဲ့တာကြောင့် အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ဘက်က အိုနာနာကို အစားထိုးခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ကော်တိုရစ် #အန်ဆယ်လော့တီ