ရာယာနဲ့ ရမ်စ်ဒေးစ် ဘယ်သူက နံပတ် ၁ ဂိုးသမားဖြစ်လာမလဲဆိုတာကို ခန့်မှန်းလိုက်တဲ့ ဆက်ဂ်ညာ
8:56 AM, 10 August
အာဆင်နယ်ကစားသမားဟောင်း ဘာကရီဆက်ဂ်ညာက ဒေးဗစ်ရာယာ အပြောင်းအရွှေ့နီးစပ်နေချိန်မှာ ဘယ်သူမှက အာတီတာရဲ့နံပတ် ၁ ဂိုးသမားဖြစ်လာမလဲဆိုတာကို ခန့်မှန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၂ နေရာမှာ ရာသီသိမ်းနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ဂိုးသမား ရာယာကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရမ်စ်ဒေးစ်ကို ဖိအားပေးနိုင်ဖို့ ရာယာကို ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ အားပြိုင်မှုကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံလူဟောင်း ဆက်ဂ်ညာက ရာယာဟာ အာဆင်နယ်ကို ပိုကောင်းစေမှာဖြစ်ပေမယ့် အင်္ဂလန်သား ရမ်စ်ဒဲလ်က အာတီတာရဲ့နံပတ် ၁ ဂိုးသမားဖြစ်လာဦးမယ်လို့ ယူဆနေပါတယ်။
“လူတွေဘာကြောင့် ရမ်စ်ဒေးစ်ကို ဝေဖန်နေကြလဲဆိုတာကို ကျွန်တော်နားမလည်နိုင်ဖြစ်ရပါတယ်။ သူတို့အာဆင်နယ်ကို ပြောင်းလာပြီးကတည်းက ရမ်စ်ဒေးစ်လုပ်ပြခဲ့တဲ့ စွမ်းဆောင်မှုတွေကို အမှတ်ရသင့်ပါတယ်။ သူက ထိပ်တန်းအရည်အချင်းရှိတဲ့ ဂိုးသမားတစ်ဦးပါ။ ရာယာရောက်လာခဲ့ရင်တောင် သူက အာဆင်နယ်ရဲ့နံပတ် ၁ ဂိုးသမားဖြစ်လာနိုင်ပါတယ်။ ရမ်စ်ဒေးစ်က သူ့ခြေထောက်တွေနဲ့ကာကွယ်တာကောင်းပါတယ်။ ဒါပေမယ့် နောက်တန်းကနေ ကစားတာကြောင့် သူလည်း တခါတလေမှာ အမှားလုပ်နိုင်ပါတယ်။ ဒါက ပွဲရဲ့အစိတ်အပိုင်းတခုပါ”
“ကစားသမားတွေအနေနဲ့ အန္တရာယ်များတာကို လုပ်ဖို့ လိုအပ်ပါတယ်။ ရမ်စ်ဒေးစ်လည်း အတူတူပါပဲ။ သူက တခါတလေမှာ အမှားလုပ်မိနိုင်ပါတယ်။ အာဆင်နယ်ကို ပြောင်းလာပြီးကတည်းက သူစွမ်းဆောင်ပြတာတွေကို မမေ့သင့်ပါဘူး။ မင်းအနေနဲ့ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ထိပ်တန်းကစားသမားတွေလိုအပ်ပါတယ်။ ဂိုးသမားနေရာလည်း အတူတူပါပဲ။ သူတို့အရန်ကစားသမားလိုအပ်ပါတယ်။ ရမ်စ်ဒေးစ်လည်း ဒဏ်ရာရနိုင်တာကြောင့်ပါ။ တကယ်လို့ အရန်ကစားသမားမရှိဘူးဆိုရင် အသင်းရဲ့ရလဒ်ကို ထိခိုက်နိုင်ပါတယ်။ ရမ်စ်ဒဲလ်က အသင်းကိုရောက်လာပြီးကတည်းက တောက်ပနေတာပါ။ ရာယာလည်း ကောင်းပါတယ်။ ဒါပေမယ့် ဒါကဘောလုံးပါ။ မန်စီးတီးမှာ အီဒါဆန်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် အိုတီကာက ပိုကောင်းတာကြောင့် နေရာရခဲ့ပါတယ်။ အသင်းမှာက ပြိုင်ဆိုင်တဲ့လူအင်အားလိုအပ်သလို နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ကြောက်ရွံ့နေဖို့ မလိုပါဘူး”လို့ ဆက်ဂ်ညာက ပြောကြားခဲ့ပါတယ်။