ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ဂိုးသမား ယန်းဆွန်မာကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူလိုက်တဲ့ အင်တာမီလန်

12:51 PM, 8 August

အင်တာမီလန်အသင်းဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခဲ့တဲ့ အိုနာနာနေရာမှာ အစားထိုးရန် ဂိုးသမားသစ်ရှာဖွေ‌နေခဲ့ပြီး ယခုအခါ ဘိုင်ယန်မြူးနစ်ရဲ့ ဆွစ်ဇာလန်လူမျိုးဂိုးသမား ဆွန်မာကို ၃ နှစ်စာချုပ်နဲ့ တရားဝင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဟာလီဘက်ဂ်နဲ့ ကွန်ကော်ဒီယာတို့လိုအသင်းတွေမှာ လူငယ်ကစားသမားဘဝ ကုန်ဆုံးခဲ့တဲ့ ဆွန်မာဟာ အသက်-၁၆ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ ဘေဆယ်သို့ ရောက်ရှိလာခဲ့ပါတယ်။ သို့သော်လည်း ဆွန်မားဟာ ဘေဆယ်စီနီယာအသင်းမှာပါဝင်နိုင်ဖို့ အသက်ငယ်လွန်းနေတာကြောင့် ၂၀၀၇ ခုနှစ်မှာ ဆွစ်ဇာလန်ကလပ် ဗာဒက်ဇ်အက်ဖ်စီသို့ အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။

ဆွန်မာဟာ ဆွစ်ဇာလန်ကလပ်မှာ တစ်ရာသီခွဲလောက်ဖြတ်သန်းခဲ့ပြီးနောက် ဘေဆယ်သို့မပြန်ခင်မှာ ဆွစ်ဇာလန်စူပါလိဂ်အတွက် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘေဆယ်သို့ပြန်လည်ရောက်ရှိလာပြီး အသင်းနဲ့အတူ ၄ ရာသီဖြတ်သန်းကာ ပွဲပေါင်း ၁၇၀ ကစားခဲ့ပြီး လိဂ်ဖလား ၄ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

အောင်မြင်မှုများရရှိပြီးနောက် ဘေဆယ်မှထွက်ခွာဖို့အဆင်သင့်ဖြစ်နေခဲ့တဲ့ ဆွန်မာဟာ ၂၀၁၄ ခုနှစ်မှာ ဂျာမန်ကလပ် မိုချန်ဂလာဘတ်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ထို့နောက်မှာတော့ ၂၀၂၀-၂၁ ခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့် အင်တာမီလန်နဲယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာကြောင့် ဆွန်မားဟာ  ဂလာဘတ်အသင်းရဲ့ အိုင်ကွန်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဂီတ၊ အချက်အပြုတ်၊ ဗိသုကာနဲ့ ဓာတ်ပုံရိုက်ခြင်းကို ဝါသနာပါတဲ့ ဆွန်မားဟာ ကွင်းတွင်းရောကွင်းပြင်မှာပါ ဘက်စုံတော်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးကိုက သက်တောင့်သက်သာနဲ့ကိုင်ထားနိုင်တဲ့ဂိုးသမားမျိုးဖြစ်ပြီး ပင်ကိုယ်စွမ်းရည်လည်းမြင့်မားပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ ဂလာဘတ်အတွက် ဂိုးပေါက်ကာကွယ်မှာ ၁၉ ကြိမ်အထိ စံချိန်တင်ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဂိုးသမားလည်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာတော့  ဆွန်မားဟာ ဘိုင်မြူးနစ်သို့ပြောင်းရွှေ့လာခဲ့ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ယခုအခါ အင်တာမီလန်ဂိုးသမား ဖြစ်လာခဲ့တဲ့ ဆွန်မာဟာ ဆွစ်ဇာလန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ် နဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ၂ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ယန်းဆွန်မာ