ရှေ့သို့
Image

မန်စီးတီးစတားတွေဖြစ်တဲ့ ဆေးလ်ဗားနဲ့ ကန်ဆယ်လို ၂ယောက်လုံးကို အငှားနဲ့ ခေါ်ရန် ဆန္ဒရှိနေတဲ့ ဘာစီလိုနာ

12:43 PM, 7 August

ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိက ဆုဖလား ၃လုံးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ၃ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက်အသင်း အဖြစ် မှတ်တမ်းကောင်းရေးထိုးနိုင်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား ဂမ်ဒိုဂန်ကို ခေါ်ယူထားတဲ့ ဘာစီလိုနာအသင်းက အခြား ကြယ်ပွင့်တွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဆေးလ်ဗားတို့အား အငှားနဲ့ ခေါ်ရန် ချိန်ရွယ်လာတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်အီတလီသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ဖလား၃လုံး ချန်ပီယံ မန်စီးတီးအသင်းတွင် နည်းပြ ပက်ဂွာဒီယိုလာနဲ့ အချင်းများခဲ့တဲ့ ကန်ဆယ်လိုရဲ့ အနာဂတ်က မရေမရာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းကို အငှားချထားခဲ့သလို ယခုအချိန်မှာ အပြီးရောင်းချရန် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ခမ်းနားတဲ့ သမိုင်းမှတ်တမ်းကို စိုက်ထူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက အောင်မြင်မှုတွေ ဆွတ်ခူးရာမှာ အဓိက နေရာမှ ပါဝင်ခဲ့တဲ့ ဂမ်ဒိုဂန်အတွက် တစ်နှစ် + တစ်နှစ် သက်တမ်းတိုးခွင့် စာချူပ်ဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ အသက် ၃၀ကျော် ကစားသမားတွေအပေါ် လစာပေးချေမှု စည်းမျဉ်းရှိနေသေးတာကြောင့် ဂမ်ဒိုဂန်အနေဖြင့် လာလီဂါချန်ပီယံအသင်းရဲ့ ၂နှစ်စာချူပ် ကမ်းလှမ်းမှုကို သဘောတူညီမှု ရယူခဲ့တာဖြစ်ပြီး ယခုတစ်ခေါက် ပေါ်တူဂီစတား ၂ဦးကို ခေါ်ယူရေး ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ကြံ့ခိုင်မှုအားနည်းတာကြောင့် ပွဲထွက်ခွင့် မရေမရာဖြစ်နေတဲ့ အူဆူမန်ဒမ်ဘီလီကို ယူရိုသန်း ၅၀ဖြင့် ပြင်သစ်ချန်ပီယံအသင်းကို ရောင်းချထားခဲ့ပြီး ဘတ်ဂျက်စုဆောင်းထားတာလည်း ဖြစ်ပါတယ်။ လာလီဂါချန်ပီယံကလပ်အနေဖြင့် ဒမ်ဘီလီရဲ့ နေရာတွင် အစားထိုးအသုံးပြနိုင်ရန်အတွက် ဘာနန်ဒိုဆေးလ်ဗားကို ခေါ်ချင်နေသလို ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် နောက်တန်းအစွန်လူကိုပါ ခေါ်ယူရေးအတွက် စီစဉ်လာတာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ကန်ဆယ်လို #ဆေးလ်ဗား