ရှေ့သို့
Image

ဂိုးသမားနေရာအတွက် ဒီဂီယာကို ခေါ်ယူရေး အပြိုင်ကြိုပမ်းနေကြတဲ့ အင်တာနဲ့ ဘိုင်ယန်

5:36 PM, 6 August

နယ်သာလန်လူမျိုး နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ဥရောပ ပြိုင်ပွဲအတွင်း ပုံစံကောင်းရရန် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အတိုင်းအတာ တစ်ခုအထိ ပုံစံကောင်းရလာတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာကို စာချုပ်သက်တမ်းတိုးခဲ့ခြင်းမရှိတာကြောင့် အသင်းလက်မဲ့ဖြစ်နေချိန် အင်တာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားမှု ပြသလာတာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းက ဝါရင့်ဂိုးသမား ဒီဂီယာရဲ့ နေရာတွင် ပွဲထွက်ကစားသမားအဖြစ် ထိပ်တန်း ဂိုးသမားတစ်ဦးကို  ခေါ်ယူရန် လုပ်ဆောင်နေရပြီး အင်တာမီလန်အသင်းနဲ့အတူ ပုံစံကောင်းပြသထားတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။


နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic ရဲ့ အဆိုအရ ယူနိုက်တက်အသင်းက ဒီဂီယာကို စာချုပ် သက်တမ်းတိုးရန် ပြင်ဆင်နေခဲ့တာမှန်ပေမဲ့ ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေတဲ့ စာချုပ်တွင် မူလကမ်းလှမ်းချက်ထက် လစာကို လျော့ချကမ်းလှမ်းခဲ့တာကြောင့် သဘောတူညီမှု မရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းက ဇွန်လကုန်တွင် စာချုပ်သက်တမ်းကုန်ခဲ့တဲ့ အသက် ၃၂နှစ်အရွယ် ဂိုးသမားဒီဂီယာအတွက် တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ထက်လျော့နည်းတဲ့ ပမာဏဖြင့် စာချုပ်သက်တမ်းတိုးနိုင်ရန် လုပ်ဆောင်ခဲ့တာကြောင့် ကာလရှည်ကစားပေးခဲ့တဲ့ ဒီဂီယာရဲ့ အို့ထရက်ဖို့ဒ်အနာဂတ် နိဂုံးချုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။


ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက အဓိက ဂိုးသမားနူအာရဲ့ ကြံ့ခိုင်မှုအားနည်းတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရချိန် ခေါ်ယူထားခဲ့တဲ့ ယန်းဆွမ်မာကို အင်တာမီလန်အသင်းကို ရောင်းချကာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်ဂိုးသမား ဒီဂီယာကို စာချုပ် ချုပ်ဆိုသွားရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


ဂျာမန်အင်အားကြီးကလပ်အသင်းအပြင် အဓိက ဂိုးသမား အိုနာနာကို ရောင်းချထားရတဲ့ နည်းပြ အင်ဇာဂီရဲ့ အင်တာမီလန်အသင်းကလည်း ဝါရင့်ဂိုးသမား ဒီဂီယာကို ခေါ်ယူအားဖြည့်ရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အင်တာမီလန် #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ်